APM၊ နိုဗမ်ဘာ ၁၄ /၂၀၂၄
အာရက္ခနန့် ပလက်ဝဒေသစစ်ဆင်ရီး တနှစ်တာကာလအတွင်း ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လီကြောင်းတိုက်ခိုက်မှုတိကြောင့် ပြည်သူပိုင်အဆောက်အအုံ ၁၅၃ ခုပျက်စီးလားကြောင်း အာရက္ခတပ်တော် (AA)က နိုဗမ်ဘာ ၁၃ ရက်နိမာ ထုတ်ပြန်ပါရေ။
ပျက်စီးလားရေ အဆောက်အအုံတိမာ ဆီးရုံ ၁၂ လုံး၊ စာသင်ကျောင်း ၃၀ ၊ ဘုန်းကြီးကျောင်း ၇၀ ၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ဗလီ ၂ လုံး၊ စျီး ၂၁ စျီး နန့် ဌာနဆိုင်ရာ အဆောက်အအုံ ၁၇ ခု ပါဝင်ရေလို့ ဆိုပါရေ။
ယင်းအပြင် စစ်ဆင်ရီး တနှစ်တာကာလအတွင်း အာရက္ခဒေသမာ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လီကြောင်းတိုက်ခိုက်မှု၊ မိုင်းခွဲဖျက်ဆီးမှုတိကြောင့် ပျက်စီးလားရေတန်းထား ၂၈ စင်း ဟိရေလို့လည်း အာရက္ခနန့် ပလက်ဝဒေသ စစ်ဆင်ရီး တနှစ်ပြည့်နိမာ(နိုဗမ်ဘာ ၁၃ ရက်နိ)မာ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါရေ။