APM ၊ နိုဗမ်ဘာ ၁၄ / ၂၀၂၄
ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၆ ယောက်ကို အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်လားဆိုရေ သတင်းစွာ သတင်းမှားရာဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ဒေနိ(နိုဗမ်ဘာ ၁၄ ရက်နိ)မာ တုံ့ပြန် ပြောဆိုလိုက်ပါရေ။
နိုဗမ်ဘာ (၁၃) ရက်နိက RFA Burmese သတင်းဌာနမာ ဖော်ပြခရေ “ဘင်္ဂလားဒေ့ချ် နိုင်ငံသား ၆ ယောက်ကို AA က ဖမ်းဆီး ခေါ်ဆောင်လား” ဆိုရေသတင်းနန့်ပတ်သက်လို့ ဦးခိုင်သုခက သူ၏ Telegram လူမှုစာမျက်နှာကတဆင့် အဂုပိုင် တုံ့ပြန်ပြောလိုက်စွာ ဖြစ်ပါရေ။
“၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၃) ရက်နိတွင် RFA Burmese သတင်းဌာနမှ “ဘင်္ဂလားဒေ့ချ်နိုင်ငံသား ခြောက်ယောက်ကို AA ဖမ်းဆီးခေါ်ဆောင်လား” ဂေါင်းစဉ်ဖြင့် ရွီးသားခသည့်သတင်းတွင် ဖော်ပြဟိသော အကြောင်းအရာ တခုဖြစ်သည့် “၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာ (၁၃)ရက်နိတွင် ဘင်္ဂလားဒေ့ချ် ပင်လယ်အော်အတွင်း နတ်မြစ်ကို ကျော်ဖြတ်ပြီး စိန့်မာတင်ကျွန်းသို့ မောင်းနှင်လားလာနီသည့် ဆောက်လုပ်ရီးပစ္စည်းများတင်ဆောင်လာသော သင်္ဘောနှစ်စင်းနန့်အတူ သင်္ဘောပေါ် ပါဟိသော ဘင်္ဂလားဒေ့ချ် နိုင်ငံသား (၆) ဦးအား အာရက္ခတပ်တော်မှ ဖမ်းဆီးခသည်ဟူသော စွပ်စွဲ ရွီးသားဖော်ပြထားသော သတင်း” မာ သတင်းမှားဖြစ်သည့်အပြင် မိမိရို့အာရက္ခတပ်တပ်တော်မှ ဖမ်းဆီးထိန်းသိမ်းခြင်း မဟိပါကြောင်း၊ လေးစားစွာ အသိပီးအပ်ပါသည်” လို့ ဦးခိုင်သုခက ဆိုပါရေ။
အဆိုပါသတင်းကို ဘင်္ဂလားဒေ့ချ်အခြီစိုက် Dhaka Tribune သတင်းဌာနမာလည်း နိုဝင်ဘာ ၁၃ ရက်နိက ရွီးသားဖော်ပြခပါသိမ့်ရေ။