APM၊ နိုဗမ်ဘာ ၁၄/ ၂၀၂၄
ရက္ခိုင်ပြည်က အာရက္ခတပ်တော်သိမ်းပိုက်ဖို့ လက်တကမ်းအလိုသို့ရောက်ဟိနီယာဖြစ်တေ မောင်တော၊ အမ်း၊ တောင်ကုတ်နန့် ဂွမြို့နယ်ရို့မာ တိုက်ပွဲတိဆက်လက်ပြင်းထန်နီရေလို့ အာရက္ခတပ်တော် AA ၏ နိုဗမ်ဘာ ၁၃ ရက်နိက ထုတ်ပြန်ရေ တကျော့ပြန်တိုက်ပွဲ( ၁ နှစ်) ပြည့်ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
ထုတ်ပြန်ချက်မာ “အာရက္ခဒေသတခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အယင်ဆုံးရောက်ဟိစီရီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကင်းစင်ရီး အစဟိသည့် ရည်မှန်းချက်တိအတွက် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို အာရက္ခတပ်တော်မှ တခုပြီးတခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိသည်။ ယင်းကြောင့် အပြီးသတ် သိမ်းပိုက်ရန် လက်တကမ်း အလိုသို့ ရောက်ဟိနီပြီးဖြစ်သော အမ်း၊ တောင်ကုတ်၊ ဂွနန့် မောင်တောမြို့များ၌ တိုက်ပွဲများ ဆက်လက်ပြင်း ထန်လျဟိသည်”လို့ ဖော်ပြထားပါရေ။
မောင်တောမြိုမာတော့ခါ မောင်တောမြို့တခုလုံးကို သိမ်းပိုက် ရယူထားနိုင်ယာလို့ ပြောလို့ရကေလေ့ မြို့၏အပြင်စပ်မာဟိရေ နယ်ခြားစောင့် အမှတ် (၅)/နခခ(၅) စခန်း တခုရာ ကျန်ဟိနီပြီး ယင်းစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့ ဆိုပါရေ။
အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟိရာ အမ်းမြို့က စစ်ကောင်စီ၏ တပ်စခန်း ၈ ခုကို သိမ်းပိုက်ရဟိထားပြီးဖြစ်ပိုင် ကျန်ဟိနီသိမ့်ရေ တပ်စခန်တိကိုလည်း ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နီပိုင် သိမ်းပိုက်ရဟိထားရေစခန်းတိ ထွက်ဗြီးလွတ်မြောက်နီရေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တိကိုလည်း လိုက်လံခြီမှုန်းတိုက်ခိုက်လျက်ဟိကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။