
APM၊ နိုဗမ်ဘာ ၁၄/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး၏ (၁၈) ရက်မြောက်နိဖြစ်တေ နိုဗမ်ဘာ ၁၃ ရက်နိမာ စစ်ကောင်စီတပ်စခန်း တချို့ကိုထပ်မံ သိမ်းပိုက်နိုင်ခကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က နိုဗမ်ဘာ ၁၃ ရက်နိ ညည့် ၁၂ နာရီအချိန်ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ နိုဗမ်ဘာ ၁၃ရက်နိ၊မိုးထအစောပိုင်းက ကိုးကန့်တပ်မတော် (MNDAA) စွာ ကိုးကန့်ခရိုင်၊ ရှီးသျှမ်း ဒေသ၊ ရှောက်ကိုင်ရွာလမ်းခွဲမာဟိရေ ရန်သူစစ်ကောင်စီ၏ စစ်ဆီးရီးဂိတ်တခုကို လက်နက်ကြီးနန့် ပစ်ခတ်ပြီးတပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခပနာ မိုးထ ၇ နာရီ ၃၀ မိနစ်အချိန်လောက်မာ ယင်းဂိတ်ကို အပြီးသတ်ချေမှုန်းသိမ်းပိုက် နိုင်ခရေလို့ ဖော်ပြထားပါရေ။
ယင်းအတူ ယင်းနိမိုးထ ၆ နာရီ ၄၅ အချိန်လောက်မာ တအာင်းတပ်မတော် PSLF/TNLA က တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်း မြို့ဟိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို စတင်ပစ်ခတ်တိုက်ခိုက်ခပိုင် ညဇာဖက် ၇ နာရီ ၄၅ မိနစ် အချိန်လောက် မာလည်း တအာင်းမြို့နယ်၊ တပ်မဟာ (၄) စစ်ဒေသ၊ သိန္နီဖက် (၁၂) မိုင်သို့ စစ်ကူလာရေ လားသျှိုးမြို့အခြီစိုက် စစ်ကောင်စီ စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခပြီးကေ စစ်ကား (၁) စီးကို မီးတိုက်ဖျက်ဆီးခရေပိုင် စစ်ကောင်စီတပ်ကြပ် ကြီးတယောက် ဖမ်းရခပနာ လက်နက် (၂) လက်ကို သိမ်းဆည်းရဟိခရေလို့ဆိုပါရေ။
ယင်းအပြင် ယင်းနိ မိုးထ ၅ နာရီ ၅၃ မိနစ်လောက်ကနီ နိခင်း၂ နာရီ ၀၅ မိနစ် အချိန်လောက်ထိ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ဟိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းက မန်အောင်ကျေးရွာဖက်သို့ လက်နက်ကြီးနန့် (၅)ကြိမ်၊ မန်ကန်ကျေးရွာ သို့ (၂)ကြိမ်၊ ဆာလူကျေးရွာသို့ (၁) ကြိမ်၊ ဖဒဲန်ကျေးရွာသို့ (၁)ကြိမ်၊ မဝေါကျေးရွာသို့ (၁)ကြိမ်၊ လွယ်ဟွမ်ကျေးရွာသို့ (၁) ကြိမ် နန့် မန်လုံကျေးရွာဖက်သို့ (၂) ကြိမ်၊ စုစုပေါင်း (၁၃) ကြိမ် ပစ်ခတ်တိုက်ခိုက်ခရေ လို့ သိရပါရေ။
အလားတူ ယင်းနိ ညဇာဖက် ၃ နာရီ ၅၀ မိနစ် အချိန်လောက်မာ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချို မြို့နယ်၊ ဂုတ်တွင်းအနားတဝိုက်မာ တအာင်းတပ်မတော် (TNLA) နန့် MDY PDF ပူးပေါင်းတပ်ဖွဲရို့စွာ စစ်ကောင်စီတပ်နန့် ထိတွိတိုက်ပွဲဖြစ်ပွားခပြီးကေ ညဇာ ၄ နာရီ ၅၉မနစ် အချိန်လောက်မာ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာအနားသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနန့် လီကြောင်းပစ်ကူမှု (၂) ကြိမ်ပြုလုပ်ခရေလို့ဆိုပါရေ။
ယင်းအပြင် ညဇာ ၅ နာရီ ၃၀မိနစ် အချိန်လောက်မာ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့ဟိ စစ်ကောင်စီလက်အောက်ခံ (၅၀၂) တပ်ရင်းက ပန်လိုင်ကျေးရွာဖက်သို့လက်နက်ကြီးနန့် (၁၀) ကြိမ်ထက်မနည်း အကြောင်းမဲ့ ယမ်းသန်း ပစ်ခတ်ခစွာကြောင့် လူနီအိမ်တိထိမှန်ပျက်စီးခကြောင်းနန့် မိမိရို့ညီနောင်မဟာမိတ် (၃) ဖွဲ့စွာ စစ်ဆင်ရီးအဟိန် မြင့်သထက်မြင့်အောင် ဟန်ချက်ညီဆင်နွှဲလျက်ဟိပြီးကေ ရန်သူစစ်ကောင်စီ၏ တပ်စခန်းတိကို ဆက်လက် သိမ်းပိုက် လျက်ဟိကြောင်း ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
