APM၊ နိုဗမ်ဘာ ၁၄/၂၀၂၃
ရက္ခိုင်မာ နိုဗမ်ဘာ ၁၃ ရက်နိ တရက်တည်းအတွင်း အပြစ်မဲ့ဒေသခံပြည်သူ ၂၂ ယောက်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခရေလို့ သိရပါရေ။
ယင်းဖမ်းဆီးခံရရေလူတိစွာ စစ်တွေက ၆ ယောက်၊ တောင်ကုတ်က ၁၁ ယောက်၊ ကျောက်ဖြူက ၄ ယောက်နန့် သံတွဲက ၁ ယောက် ဖြစ်ပါရေ။
ယင်းအထဲ စစ်တွေမြို့၊ ရွာသာယာကျေးရွာဟိ ငါးစင်ရိုင်းချောင်း၊ ဘုန်းကြီးကျောင်း စစ်ဖီးယှောင်စခန်းက ဦးဘလှိုင်(၅၉နှစ်) ၊ မောင်ကျော်နိုင်ဌေး(၁၇နှစ်)၊ ဦးကျော်သန်းမောင်( ၅၃နှစ်)၊ ရွာသာယာကျေးရွာက မောင်နေဆန်းလင်း( ၁၇နှစ်)၊ မောင်သိန်းစိုး( ၁၄ နှစ်) နန့် ကိုကောင်းမြတ်(၂၈ နှစ်)ရို့ကို နိုဗမ်ဘာ ၁၃ ရက်နိညဇာမာ စစ်ကောင်စီက ဖမ်းယူလားခပါရေ။
ယင်းနည်းတူ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးသန်းလှိုင်( ၅၆နှစ်) ၊ အနောက်ပိုင်းရပ်ကွက်နီ ဦးနဂါး( ၃၄နှစ်)၊ သမ္ဗာန်ချောင်းက ဦးဘကြည် (၆၇နှစ်) နန့် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်သျှင် ကိုဝီလီယမ်ရို့ကိုလည်း နိုဗမ်ဘာ ၁၃ ရက်နိ၊ နိခင်း ၂ နာရီလောက်မာ စစ်ကောင်စီက ဖမ်းယူလားခစွာပါ။
တောင်ကုတ်မြို့က ငွေတောင်စတိုးဆိုင်ပိုင်သျှင် ကိုမောင်ချေ၊ စိုးမိုးဆီဆိုင်ပိုင်သျှင် ကိုပေါက်စ၊ ဆိုင်ကယ်ပစ္စည်းအရောင်း ဆိုင်ပိုင်သျှင် ကိုအောင်အောင်၊ ရွှီပြည်တန်ဂိတ်မှူး ကိုအောင်မင်း၊ ကိုကျော်လှိုင်၊ ကိုအေးလွင်၊ ကိုအောင်လင်း၊ ဦးကိုလေး၊ ကိုစိန်ဝင်းကြိုင်၊ ကိုသန့်စင်ဖြိုးနန့် ကိုမောင်မောင်စိုး ရို့ကို နိုဗမ်ဘာ ၁၃ ရက်နိမာ စစ်ကောင်စီက အင်းအားအလုံးအရင်းနန့် နီအိမ်တိသို့ ဝင်ဖမ်းယူလားခပါသိမ့်ရေ။
ယင်းအပြင် စစ်ကောင်စီစွာ ယင်းနိမာပင် သံတွဲဒေသခံတယောက်နန့် နောက်ထပ်စစ်တွေက ရပ်ကျေးအုပ်ချုပ်ရီးမှူး တချို့အပါအဝင် ဒေသခံ ၁၀ ကျော်ကိုလည်း ဖမ်းဆီးခသိမ့်ရေလို့လည်း သတင်းတိ ထွက်ပေါ်နီပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော်နန့်တိုက်ပွဲဖြစ်တိုင်း အပြစ်မဲ့ပြည်သူတိကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးလိဟိရေ စစ်ကောင်စီစွာ နိုဗမ်ဘာ ၁၃ ရက်နိ၊ မိုးထကစလို့ ရက္ခိုင့်တပ်တော်နန့် တိုက်ပွဲဖြစ်ပွားခပြီးနောက်ပိုင်း အဂုပိုင်ဖမ်းဆီးလားစွာဖြစ်ပါရေ။