APM၊ နိုဗမ်ဘာ ၁၄/၂၀၂၃
ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကတ်တေ မြန်မာ့တပ်မတော်သားတိ၊ ၎င်းရို့၏ မိသားစု၊ ဆွေမျိုးတိအား နွီးထွီးစွာကြိုဆိုပြီး ကျေးဇူးတင်ဟိခြင်းနန့်အတူ နောက်ထပ်ဝင်ရောက်လာကတ်ဖို့ မြန်မာ့ တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တိကို ညီနောင်(၃)ဖွဲ့က ဒေနိ နိုဗမ်ဘာ ၁၄ ရက်နိမာ ကြေညာချက်ထုတ်ပြန်ပနာ ထပ်မံဖိတ်ခေါ်လိုက်ပါရေ။
ထုတ်ပြန်ကြေညာချက်အပြည့်အစုံမာ အောက်ပါအတိုင်း ဖြစ်ပါရေ။
၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာလ (၁၂) ရက်နီ၊ ညဇာ (၈) နာရီ (၃၀) မိနစ်အချိန်မာ ကိုးကန့် အထူး (၁)၊ သျှီးသျှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာ အခြီချတပ်ရင်းတခုဖြစ်သည် ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခလရ (၁၂၉) က တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သော တပ်ရင်းတရင်းလုံး နန့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိရို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင်အတွင်းသို့ ဝင်ရောက်လာခကတ်ပါသည်။
ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကတ်သူ တဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀ သိန်း) ၊ ၎င်းရို့၏ မိသားစုဝင်တဦးချင်းစီအား တဦးလျှင် (၁) သိန်းကျစီ ချီးမြှင့်ပီးအပ်ခပါသည်။ ယင်းအပြင် ၎င်းရို့ထဲက ကျန်းမာရီးချိုယွင်း၊ ကျန်းမာရီးမကောင်းလူများကိုလည်း မိမိရို့ကအခမဲ့ ကျန်းမာရီးဝန်ဆောင်မှု စောင့်ယှောက်ပီးလျက်ဟိပါသည်။ ယင်းနောက် ၎င်းရို့လားလိုရာနီရာများအသီးသီးသို့လည်း လုံခြုံစွာပို့ပီးထားခပြီးဖြစ်ပါသည်။
မိမိ၏ရဲဘော်ရဲဖက်၊ တပ်ဖွဲ့ဝင် (၁၂၆) ဦးနန့်အတူ တပ်ဖွဲ့ဝင်များ၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ (၁၃၄) ဦးပါဝင်ပြီး စစ်ဖက်အရပ်ဖက် စုစုပေါင်း (၂၆၂) ဦးရို့၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်း တရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခသည့် တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိရို့တင်မက မြန်မာပြည်သူလူထုတရပ်လုံးကလည်း ရဲရင့်သောသူရဲကောင်းတဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကတ်ဖို့ အမှန်ပင်ဖြစ်ပါသည်။ ယင်းသို့ သူရဲကောင်းများ နောက်ထပ်ပေါ်ထွက်လာဖို့ကိုလည်း မိမိရို့က အပြည့်အဝယုံကြည်ပါသည်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆောင်ချက်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နိ မိမိရို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ထုတ်ပြန်ပြီးနောက်ပိုင်းမာ မြန်မာ့တပ်မတော်သားများတင်မက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါ မိမိရို့ ညီနောင်မဟာမိတ် (၃) ဖွဲ့က တဆင့် ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လာကတ်သူအရေအတွက်မာ (၂၀၀) ကျော်အထိ ဟိခပြီးဖြစ်ပါသည်။ အဆိုပါ ပြည်သူ့ရင်ခွင်ခိုလှုံလူများကို ၎င်းရို့၏ ဆန္ဒအတိုင်း ဖြည့်ဆည်းပီးထားပြီး လားလိုသည့်နီရာသို့ အန္တရာယ်ကင်းစွာ ကူညီဆောင်ရွက်ပီးထားပြီးဖြစ်ပါသည်။
မိမိရို့ထံရောက်ဟိလာကတ်သော ပြည်သူ့ရင်ခွင် ခိုလှုံကတ်လူများအား-
(၁) ၎င်းရို့၏ အသက်၊ အန္တရာယ် လုံခြုံရီးကို အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိ ခိုက်ရအောင် ဆောင်ရွက်ပီးလားပါမည်။
(၂) မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးကိုမှ မပြုလုပ်ပါ။
(၃) မိသားစု၊ ဆွေမျိုးများနန့် အယင်ဆုံး ပြည်လည်ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပီးလားပါမည်။
(၄) လမ်းခရီးမာ လားလာဖို့အတွက် လိုအပ်သည့် ခရီးစရိတ်များကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပီးလားပါမည်။
(၅) မကျန်းမမာဖြစ်နီသူများ၊ ဒဏ်ရာရဟိနီလူများကိုလည်း မိမိရို့မာဟိသည့် ကျန်းမာရီးဝန်ဆောင်မှု၊ စောင့်ယှောက်မှု၊ ကုသမှုများနန့်အတတ်နိုင်ဆုံး စောင့်ယှောက်ပီးလားပါမည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA
operation1027
https://www.facebook.com/ThreeBrotherhoodAlliance/
https://twitter.com/operation1027
https://vk.com/mndaa_tnla_a


