
APM၊ နိုဗမ်ဘာ ၁၄ / ၂၀၂၃
နိုဗမ်ဘာ ၁၃ ရက်နိကဖြစ်ပွားခရေ ရက္ခိုင်ပြည်အတွင်းတိုက်ပွဲတိအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ယောက်ထက်မနည်း သီဆုံးခပြီးကေ၊ ဗိုလ်မှူး၊ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်း ၁၀ ယောက်ဖမ်းဆီးရဟိခပနာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂၈ ယောက် လက်နက်ချအလင်းဝင်ရောက်လာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA /AA ကထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ နိုဗမ်ဘာ ၁၃ ရက်နိက ရက္ခိုင်ဒေသမာ စစ်ကောင်စီနန့် ရက္ခိုင့်တပ်တော်ရို့စွာ ရသေ့တောင်၊ မောင်တောနန့်မင်းပြားမြို့နယ်ဟိ နီရာ ၅ ခုအတွင်း တိုက်ပွဲတိဖြစ်ပွားခဲ့ပြီးကေ၊ ရသေ့တောင်မြို့နယ်ဟိ ဒုံးပိုက်နယ် ခြားစောင့်တပ်စခန်းကို သိမ်းပိုက်ရဟိခရေပိုင် ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကိုလည်း ဒေနိ(နိုဗမ်ဘာ ၁၄ ရက်) မိုးထ ၇ နာရီခွဲမာ (အပြီးသတ်)သိမ်းပိုက်ရဟိခရေလို့ ဖော်ပြထားပါရေ။
မင်းပြားမြို့နယ်မာဖြစ်ခရေ တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြီစိုက်၊ ခမရ(၃၄၄) တပ်ရင်းက ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး) ရို့အပါအဝင် စုစုပေါင်း ၁၀ ယောက်ကို စစ်သုံ့ပန်းတိအဖြစ် ဖမ်းဆီးရမိခရေပိုင် ယင်းတိုက်ပွဲအတွင်းမာပင် စစ်ကောင်စီဖက်က မျက်မြင် (၁၀) ကျော် သီဆုံးခပနာ ဒဏ်ရာရလူ တချို့လည်းဟိခရေလို့ ဆိုပါရေ။
ယင်းနည်းတူ စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနန့် ဖြစ်ခရေ မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာ အနားတိုက်ပွဲမာလည်း သုံ့ပန်းတယောက်အပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတိကို သိမ်းဆည်းရမိခပြီးကေ စစ်ကောင်စီဖက်ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် ၁၄ ယောက်လောက် ကျဆုံးခပနာ ဒဏ်ရာရလူတချို့ဟိခပါသိမ့်ရေ။
ဖမ်းဆီးရမိထားရေ စစ်ကောင်စီအရာဟိတိအပါအဝင် တပ်ဖွဲ့ဝင်တိအားလုံးကို နိုင်ငံတကာစစ်သုံပန်းဥပဒေနန့်အညီ ကောင်းမွန်စွာ စောင့်ယှောက်ထားရေလို့ ULA/AA ကဆိုပါရေ။
ယင်းအပြင် နိုဗမ်ဘာ ၁၃ ရက်နိ တိုက်ပွဲတိအတွင်းမာ ရက္ခိုင့်တပ်တော်က အာရက္ခစစ်သည်တော် ၆ ဦးလည်း စစ်ဆင်ရီးရည်မှန်းချက် အကောင်အထည်ဖော်တိုက်ပွဲတိအတွင်း အသက်ပီးဆပ်စွန့်လွှတ်ခရကြောင်း သိရပါရေ။
နိုဗမ်ဘာ ၁၃ ရက်နိမာပင် ကျောက်တော်မြို့နယ်ဟိ စစ်ကောင်စီလက်အောက်ခံ အပေါက်ဝ ရဲစခန်းက ရဲတပ်ဖွဲ့ ဝင် ၂၂ ယောက်စလုံး ရက္ခိုင့်တပ်တော် (AA) ထံသို့ လက်နက်တိနန့်အတူ အသာတကြည် လက်နက်ချ အလင်းဝင်လာ ခကတ်တေပိုင် အခြားသောနီရာ ၂ ခုကလည်း နောက်ထပ်ရဲတပ်ဖွဲ့ဝင် ၆ ယောက်ရို့ လက်နက်နန့်တကွ အလင်း ဝင်ရောက်ခကတ်ကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
နိုဗမ်ဘာ ၁၃ ရက်နိ တရက်တည်းမာပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်၊ ရဲစခန်းရို့စွာ စခန်းပေါင်း (၄၀) နီးပါးကိုစွန့်လွှတ်ထားခပြီးကေ နီးစပ်ရာ စစ်ကောင်စီစစ်စခန်းတိမာ လည်းကောင်း၊ ရဲစခန်း(၃) ခုကို တခုတည်းအဖြစ်စုပေါင်းလို့လည်းကောင်း လားရောက်ပူးပေါင်းလားကတ်တေလို့ သိရပါရေ။
ရက္ခိုင့်တပ်တော်အနီနန့် ၎င်းရို့ကိုဆက်သွယ်လာပြီးကေ လက်နက်ချအလင်း ဝင်ရောက်ကတ်ဖို့လူတိကို ဆက်လက် ကြိုဆိုလက်ခံလားဖို့ဖြစ်တေပိုင် လက်နက်ချအညံ့မခံရေလူတိကိုလည်း ဆက်လက် တိုက်ခိုက်လားဖို့လို့ ဆိုပါရေ။
တခြားတဖက်မာလည်း စစ်ကောင်စီစွာ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနန့် ကျောက်ဖြူမြို့နယ်တိမာ ULA/AA နန့် ဆက်စပ်ပတ်သက်တေလို့ သံသယ၊ စွပ်စွဲချက်တိနန့် အရပ်သားပြည်သူတိကို ပစ်မှတ်ထား လိုက်လံရှာဖွီ ဖမ်းဆီးနီစွာတိဆက်တိုက်ပြုလုပ်လာနီကြောင်း ကိုလည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။


