APM၊ နိုဗမ်ဘာ ၁၄/၂၀၂၂
ကျောက်ဖြူမြို့တွင် နိုဗမ်ဘာ ၁၃ ရက်နိ၌ ဌာနဆိုင်ရာတာဝန်ထမ်း ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ် ဆောင်လားကြောင်း သိရသည်။
အဖမ်းခံရသူများမှာ ကျောက်ဖြူမြို့မှ တရားလွှတ်တော်ရှိနီ ဦးဆန်းဝင်း(၄၄နှစ်)၊ ကျောက်ဖြူခရိုင် လဝက ဒု-ဦးစီး ဒေါ်မကြည်(၄၅နှစ်)၊ ရဲတပ်ကြပ်ကြီး ဦးမောင်မောင်အေး(၅၀နှစ်)နန့် ရဲတပ်ကြပ် ဦးမျိုးဝင်းအောင်(၃၆နှစ်)ရို့ဖြစ်ကတ်သည်။
ယင်းအထဲမှ ကျောက်ဖြူမြို့၊အစိုးရရပ်ကွက်၊ တိုက်တန်း ဝန်ထမ်းအိမ်ရာတွင်နီထိုင်သော ဦးဆန်းဝင်းနန့် ဒေါ်မကြည်ရို့ နှစ်ယောက်ကို နိုဗမ်ဘာ ၁၃ ရက်နိ နိခင်း ၂ နာရီခန့်၌ ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ် ခလရ(၃၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်က သူရို့နီထိုင်ရာ နီအိမ်အသီးသီးတွင် ဝင်ရောက်ဖမ်းဆီးလားခသည်။
ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်နီသော ရဲတပ်ကြပ် ဦးမျိုးဝင်းအောင်ကို နိုဗမ်ဘာ ၁၃ ရက်နိ နိခင်း ၂ နာရီအချိန်၌ ခလရ(၃၄) တပ်ရင်းမှ ဖုန်းဆက်ခေါ်၍ လားရောက်ရာတွင် ဖမ်းဆီးထိမ်းသိမ်းလိုက်ခြင်းဖြစ်သည်။
ရဲတပ်ကြပ်ကြီး ဦးမောင်မောင်အေးကိုလေ့ နိုဗမ်ဘာ ၁၃ ရက်နိ မိုးထ ၉ နာရီခွဲတွင် ခလရ(၃၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်က ဦးမောင်မောင်အေး တာဝန်ထမ်း ဆောင်နီသော လီယာဉ်ကွင်းထဲ၌ ဝင်ရောက်ဖမ်းယူလားခခြင်းဖြစ်သည်။
လက်ဟိတွင် သူရို့ ၄ ယောက်စလုံးကို ခလရ (၃၄) တပ်ရင်းထဲ၌ ထိန်းသိမ်း စစ်ဆီးလျက်ဟိကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းသည် စပ်တမ်ဘာ ၇ ရက်နိမှ နိုဗမ်ဘာ ၁၃ ရက်နိ အထိ ကာ လ အတွင်း ရပ်ရွာအုပ်ချုပ်ရီးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတသမားများ၊ ဆရာတော်သံဃာတော်များ အပါ အဝင် ကျောက်ဖြူမှ အပြစ်မဲ့ပြည်သူ ၄၂ ယောက်ထက်မနည်းကို အကြောင်းအမျိုးမျိုး ပြ၍ ဖမ်းဆီးထိန်းသိမ်းခပြီး၊ ပုဒ်မအမျိုးမျိုးတပ်ကာ မတရား သဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။
(Zawgyi)
ကျောက်ဖြူတွင် ဝန်ထမ်း ၄ ယောက်ကို စစ်ကောင်စီ ဖမ်း
APM၊ နိုဗမ်ဘာ ၁၄/၂၀၂၂