APM၊ နိုဗမ်ဘာ ၁၄/၂၀၂၂
ဒေနိ(နိုဗမ်ဘာ ၁၄ ရက်နိ)၌ စစ်ကောင်စီတပ်သည် အမ်းမြို့နယ်မှ မူလတန်းကျောင်းအုပ်တယောက်ကို ဖမ်းဆီးလားကြောင်း သိရသည်။
အဖမ်းခံရသူမှာ အမ်းမြို့နယ်၊ ခွဆုံပြင်ရွာမှ ဆရာ ကြီး ဦးဇော်ဖြိုးဝေ (၂၅ နှစ်) ဖြစ်ပြီး သူသည်အမ်းမြို့နယ်၊ ခရမ်းကျွန်းကျေးရွာ အခြီခံပညာ အလယ် တန်းကျောင်း(ခွဲ)တွင် မူလတန်း ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နီသူဖြစ်သည်။
ဦးဇော်ဖြိုးဝေကိုဒေနိနိခင်း၂နာရီအချိန်တွင်အမ်းမြို့ နယ်၊ညောင်ချောင်း(၃)ကျေးရွာဖက်မှ စစ်ကြောင်း လျှောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်က ခရမ်းကျွန်းကျေးရွာ၌ ဝင်ရောက်ဖမ်း ဆီးခသည်။
ယင်းနောက် သူ့ကို အမ်းမြို့ဖက်သို့ ခေါ်ဆောင်လားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည်ရက္ခိုင်ပြည်မြို့နယ်အသီးသီး ၌ ရပ်ရွာအုပ်ချုပ်ရီးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတသမားများ၊ ဆရာတော်သံဃာတော်များ အပါအဝင် အပြစ်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုး ပြ၍ ဖမ်းဆီးထိန်းသိမ်းခပြီး၊ ပုဒ်မအမျိုးမျိုးတပ်ကာ မတရား သဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။
(Zawgyi)
အမ်းမှ မူအုပ်တယောက်ကို စစ်ကောင်စီ ဖမ်း
APM၊ နိုဗမ်ဘာ ၁၄/၂၀၂၂