
APM၊ အောက်တိုဘာ ၁၄/၂၀၂၃
ရက္ခိုင်ပြည်မာ အဂုရက်ပိုင်းအတွင်း မြန်မာစစ်တပ်က စစ်အင်အားကို အင်တိုက်အားတိုက် ဖြည့်တင်းနီရေလို့ သိရပါရေ။
ရက္ခိုင့်တပ်တော် (AA) နန့် မြန်မာစစ်တပ်ရို့ကြား တိုက်ပွဲရပ်တန့်နီစွာ ၁နှစ်နီးပါးကြာလာကေလေ့ လက်ဟိမာ မြန်မာစစ်တပ်အနီနန့် နည်းမျိုးစုံသုံးပြီးကေ အင်အားဖြည့်တင်းမှုတိ ဆက်တိုက်ပြုလုပ်နီရေလို့ ဒေသခံတိကပြောပါရေ။
ဒေနိ(အောက်တိုဘာ ၁၄ ရက်နိ) မိုးထကလည်း မြန်မာစစ်တပ်၏ဇက်သင်္ဘော နှစ်စီးစွာ လက်နက်ရိက္ခာအပြည့်နန့် စစ်တွေက ကျောက်တော်ဖက်သို့ ထွက်လားရေလို့ ဆိုပါရေ။
အယင်ရက်တိကလည်း မြန်မာစစ်တပ်စွာ စစ်ကားတိ၊ စစ်ရီယာဉ်တိ၊ ဇက်သင်္ဘောတိအပါအဝင် နည်းမျိုးစုံသုံးလို့ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်စရေမြို့နယ်တိသို့ စစ်အင်အားဖြည့်တင်းမှုတိကို နိမနားညည့်မနား အင်တိုက်အားတိုက်ပြုလုပ်ခပါရေ။
မြန်မာစစ်တပ်စွာ ပြီးခရေ ဂျူလိုင်လကုန်မှစလို့ AA ထိန်းချုပ်နယ်မြီတိသို့ဒရုန်းများနန့် ကင်းထောက်ခြင်းအပြင် စစ်ကြောင်းထိုးခြင်းတိကိုပါ မြန်မာစစ်တပ်က ဆက်တိုက် ပြုလုပ်လာနီရေလို့ သိဟိရပါရေ။
