APM ၊ အောက်တိုဘာ ၁၄ / ၂၀၂၃
ဆရာမဒေါ်နှင်းယုနွယ်သတ်ဖြတ်ခံရမှုမာ တရားခံ တယောက်ထက်ပိုရေလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခပြောကြောင်း Western News သတင်းဌာန၏ ရွီးသားဖော်ပြမှုစွာ သတင်းမှား ဖြစ်ကြောင်း ဦးခိုင်သုခက သူ့၏ တယ်လီဂရမ်မာ ဒေနိ(အောက်တိုဘာ၁၄ ရက်နိ)ညဇာက ရွီးသားဖော်ပြထားပါရေ။
ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောရွာက ဆရာမဒေါ်နှင်းယုနွယ်သတ်ဖြတ်ခံရမှုနန့်ပတ်သက်လို့ ဦးခိုင်သုခက “ဆရာမ နှင်းယုနွယ်ကိစ္စက ကျနော်ရို့ စစ်ဆီးမှုတိ လုပ်နီပါရေ။ အဂုကတော့ ဇာသူသတ်သလဲဆိုရေ တရားခံကို ကျနော်ရို့ ဖော်ထုတ်ထားနိုင်ပါယာ။ တခြားစစ်ဆီးစရာ အချက်အလက်တိ ကျန်နီသိမ့်လို့ ထုတ်ဖော်ပြောလို့မရသိမ့်ပါ။ တရားခံက တော့ တယောက်ထက်ပိုပါရေ။ နောက်မှ ကျနော်ရို့အသေးစိတ်ထုတ်ပြန်ပီးပါမေ” လို့ ပြောကြောင်း Westwern News သတင်းဌာနကရွီးသားဖော်ပြထားစွာဖြစ်ပါရေ။
Western News သတင်းဌာန၏ ဖော်ပြချက်နန့်ပတ်သက်လို့ ဦးခိုင်သုခက “၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ ဒေနိနိခင်း ၁၁ နာရီခွဲ ၁၂ နာရီလောက်မာ Western News သတင်းဌာနက ထုတ်လွှင့်ဖော်ပြခရေ ရသေ့တောင်က ဆရာမကို သတ်သူမာ မောင်မောင်အေးဖြစ်ကြောင်း ဖြောင့်ချက်ဗီဒီယို ထွက်ပေါ်လာ ဆိုရေ သတင်းအတွင်း တရားခံကတော့ တယောက်ထက်ပိုပါရေ ဆိုပြီးကေ ဖော်ပြထားစွာကို တွိရပါရေ။ ယင်းဖော်ပြချက်မာ ကျနော်ခိုင်သုခ၏ ပြောဆိုချက် လုံးဝ (လုံးဝ) မဟုတ်ပါ။ မိမိအနီနန့် Western News သတင်းဌာနကို ဇာခါမှ အဂုပိုင် ပြောဆိုမှုမျိုးမဟိခပါ လို့ ဆိုထားပါရေ။
ယင်းအပြင် သက်ဆိုင်ရာသတင်းသမားတိအနီနန့် တိတိကျကျမှန်မှန်ကန်ကန် ရွီးသားဖော်ပြကတ်ဖို့ကို မေတ္တာရပ်ခံ ပန်ကြားလိုကြောင်းလည်း ဦးခိုင်သုခက သူ့၏ တယ်လီဂရမ်မာဖော်ပြထားပါရေ။
Western News သတင်းဌာနကလည်း ယင်း “တရားခံတယောက်ထက်ပိုရေ အသုံးအနှုန်းမာ နားလည်မှုလွဲမှားဖော်ပြ မိခကြောင်း ရွီးသားဖော်ပြစွာကို တွိရပါရေ။