
APM ၊ အောက်တိုဘာ ၁၄/၂၀၂၃
ပေါက်တောမြို့နယ် ကျောက်ပြင်ရွာမာ အောက်တိုဘာ ၁၃ ရက်နိညည့်က လူသတ်မှုဖြစ်ခလို့ အမျိုးသားတယောက် သီဆုံးလားကြောင်း သိရပါရေ။
သီဆုံးလားလူမာ ကျောက်ပြင်ရွာက ဦးနိုင်နိုင်(၃၅ နှစ်) ဖြစ်ပါရေ။
ဦးနိုင်နိုင်ကို အောက်တိုဘာ ၁၃ ရက်နိ ညည့် ၈ နာရီကျော်က တရွာတည်းနီ ဦးမောင်စောအေးဆိုသူက ကျောက်ပြင်ရွာဘုတ်ဆိပ်နားမာ ဓားရှည်နန့် ခွတ်ပလိုက်စွာလို့ မျက်မြင်ဒေသတိက ပြောပါရေ။
ယင်းပိုင်အခွတ်ခံရလို့ ဦးနိုင်နိုင်၏ လက်မောင်းနှစ်ဖက်၊ နောက်ကုန်းနန့် ခါးရို့မာ ဒဏ်ရာတိအများကြီးရလားပြီးကေ နီရာမာပင် ပွဲချင်းပြီးသီဆုံးလားရေလို့ ဆိုပါရေ။
လက်ဟိမာ လူသတ်မှုကျူးလွန်ခရေ ဦးမောင်စောအေးကို သက်ဆိုင်ရာက အရေးယူထားပါရေ။
ဒေသခံတိပြောကြားချက်အရ ဦးနိုင်နိုင်နန့် ဦးမောင်စောအေးရို့စွာ အယင်က ရန်ငြိုးရန်စ မဟိခဘဲ လူသတ်မှုမဖြစ်ခင် အောက်တိုဘာ ၁၃ ရက်နိညဇာပိုင်းက အရက်ဆိုင်မာ စကားများရန်ဖြစ်စွာကနီ လူသတ်မှုဖြစ်ခရစွာလို့ သိဟိရပါရေ။
