
APM၊ ဂျန်နဝါရီ ၁၄ / ၂၀၂၄
အမျိုးသားညီညွတ်ရီးအစိုးရ (NUG) အဖွဲ့ အနီနန့် စုစုစည်းစည်းအလုပ်လုပ်နိုင်ဖို့ နန့် တော်လှန်ရီးကို အဟုန်မြှင့်ဖို့အတွက် အုပ်ချုပ်ရီးယန္တရားတိကို အကောင်အထည်ဖော်ဖို့ စစ်ကိုင်းတိုင်းအတွင်းမာ အခြီချရုံးစိုက်ဖို့လို့ ထုတ်ပြန်ပြောဆိုကြောင်း သတင်းထွက်ပေါ်လာပါရေ။
NUG အစိုးရအဖွဲ့ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်၊ တိုင်းဦးစီး၊ ဒုတိုင်းဦးစီးတိစုစည်းပနာ အလုပ်လုပ်နိုင်ဖို့ ဒေဂု ဂျန်နဝါရီလထဲ စစ်ကိုင်းတိုင်းအတွင်းမာ ရုံးတိစဖွင့်ဖို့ ဆောင်ရွက်နီပြီးကေ မြီပြင်အုပ်ချုပ်ရီးယန္တရားတိကို ဖော်ဆောင်လားဖို့လို့ NUG ပြည်ထဲရီးဝန်ကြီး ဦးလွင်ကိုလတ်က Myanmar Now သတင်းဌာနကို ပြောဆိုထားပါရေ။
အယင်က NUG ၏ အစိုးရအဖွဲ့ ဝန်ကြီး ဌာနတိစွာ စုစည်းမှုမဟိဘဲ အဝီးကနီပနာအဆက်အသွယ်အလုပ်လုပ်နီရပြီးကေ ဆုံးဖြတ်ချက်တိ၊ သဘောတူညီချက်တိ ချမှတ်နိုင်ရီးအတွက် တနီရာတည်းမာစုစည်းပနာ တော်လှန်ရီးကိုအဟုန်မြှင့်ဖို့အတွက် ပြင်ဆင်နီရေလို့ သူက ဆိုပါရေ။
အလားတူ NUG အနီနန့် တော်လှန်ရီးအဟုန်ကို မြှင့်တင်နိုင်ဖို့ ပြည်တွင်းထဲမာ ဝန်ကြီးဌာနတိကို အခြီစိုက်ဖို့လို့ NUG ၏ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကလည်း မီဒီယာတိကို အတည်ပြုပြောကြားထားပါရေ။
စစ်ကိုင်းတိုင်းမာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ဟိပြီး ပြည်သူ့ကာကွယ်ရီးတပ်မတော် (PDF) နန့် တော်လှန်ရီးမဟာမိတ်တိက မြို့နယ် ၉ မြို့နယ်ကို အပြည့်အဝထိန်းချုပ်ထားပနာ ကျေးလက်ဒေသအများစုကိုပါ ထိန်းချုပ်ထားရေလို့ ဆိုပါရေ။
အညာဒေသ ဗမာလူမျိုးကိုယ်စားပြု အင်အားကောင်းရေ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တေ ကျောင်းသားလက်ရုံးတပ်တော် (SAF) နန့် ဗမာပြည်သူ့လွတ်မြောက်ရီးတပ်တော် (BPLA) ရို့ကလည်း ၂၀၂၅ ခုနှစ်အတွင်း တော်လှန်စစ်ပီပြင်ဖို့အတွက် အညာမြီပြန့်ဒေသကို ထိုးဖောက်ဝင်ရောက်ပနာ စစ်ရီးဖော်ဆောင်လားဖို့လို့ ထုတ်ပြန်ထားကတ်ပါရေ။
Photo – NUG
