
APM ၊ ဂျန်နဝါရီ ၁၄/ ၂၀၂၄
ပလက်ဝဒေသ၊ စစ်ကောင်စီ၏”မီးဝဗျူဟာကုန်း”နန့် “ခန် ခတောင်ဗျူဟာစခန်း”ကို ဂျန်နဝါရီ ၁၃ ရက်နိမာ ရက္ခိုင့် တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ပြီး ဖြစ် ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ သတင်းထုတ်ပြန်ပါရေ။
ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ဂျန်နဝါရီ ၁၃ ရက် ထုတ်ပြန်ချက်အတွင်း”၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ (၁၃) ရက်နိ၊ ည ဇာ (၆) နာရီခန့်အချိန်ကလည်း ပလက်ဝ-ကျောက်တော် အစပ်တွင်ဟိသော“မီးဝဗျူဟာကုန်း”တခုလုံးအား ရက္ခိုင့်တပ်တော်(AA)မှအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ရယူထား နိုင်ခကြောင်း၊ ပလက်ဝ ဒေသအတွင်း စစ်ကောင်စီ ၏ လက်ကျန် ဗျူဟာစခန်းတခုဖြစ်သော “ခန်ခတောင်ဗျူ ဟာစခန်း” ကိုလည်း ရက္ခိုင့်တပ်တော်(AA)မှ အပြီးသတ် ထပ်မံသိမ်းပိုက်ရယူနိုင်ခကြောင်း” ထည့်သွင်း ဖော်ပြထားပါရေ။
ယင်းအပြင် စစ်ကောင်စီ၏ ယင်း ဗျူဟာကုန်းနန့်ဗျူဟာစခန်းတိက စစ်လက်နက်ပစ္စည်းတိ အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခရေလို့ ညီနောင်းသုံးဖော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
