APM ၊ ဂျန်နဝါရီ ၁၄ / ၂၀၂၄
ပလက်ဝဒေသတခုလုံးကို အောင်မြင်စွာ အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဂျန်နဝါရီ ၁၄ ရင်နိမာ ထုတ် ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အတွင်း ” ပလက်ဝဒေသအတွင်းမှ တခုတည်းသော မိမိရို့နောက်ဆုံးသိမ်းပိုက်ရန်ကျန်ဟိနီသိမ့်သော “နှမဒါဗျူဟာမာ ဗျူဟာစခန်းကိုလည်း ဒေနိ ဂျန်နဝါရီလ(၁၄) ရက်၊ နိခင်း (၃) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီးဖြစ်သည်။ ယင်းကြောင့် ဒေနိမှစ၍ ပလက်ဝဒေသတခုလုံးမာ စစ်ကောင်စီလုံးဝကင်းစင်သော ဒေသဖြစ်လာခပြီးဖြစ်သည်။ ပလက်ဝဒေသတခုလုံးဟိ စစ်ကောင်စီတပ်စခန်းများ တခုမကျန် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များတယောက်မှ မဟိရအောင် မိမိရို့မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီးသည့်နောက်တွင် ပလက်ဝဒေသတခုလုံး၌ စစ်ကောင်စီ၏ အုပ်ချုပ်ရီးယန္တရား နန့် စစ်ကောင်စီ၏ အာဏာစက် လုံးဝချုပ်ငြိမ်းလားပြီးဖြစ်သည်။ တနည်းအားဖြင့်ပလက်ဝဒေသတခုလုံးအား ရက္ခိုင်တပ်တော်မှ အောင်မြင်စွာထိန်းချုပ်နိုင်ခပြီးဖြစ်သည် လို့ဖော်ပြထားပါရေ။
ပလက်ဝဒေသအတွင်း စစ်ဆင်ရီးကို ၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိမာ စတင်ခပြီးကေ ထရွန်အိုင် နန့် နှုံးဗူး ဗျူဟာနှစ်ခုစလုံးကို ရှိဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခကြောင်း၊ ယင်းထိုးစစ်မစခင်ကပင် ရက္ခိုင့်တပ်တော်စွာ ရက္ခိုင်၊ ပလက်ဝဒေသဟိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကို နှစ်ရှည်လများ ဗျူဟာမြောက်စွာ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးကေ အဆိုပါစခန်းတိကို ဒေအချိန်မာမှ တခုပြီး တခုထိုးစစ်ဆင်ခြီမှုန်းတိုက်ခိုက်ခခြင်းဖြစ်ကြောင်း သိရပါရေ။
ယင်းကြောင့် စစ်ကောင်စီ၏ စခန်းတိဖြစ်ကတ်တေ (၁) (၂) (၃) (၄) (၅)(၆) အစဟိရေစခန်းတိကို ဗျူဟာမြောက်စွာနန့် စနစ်တကျ တခုပြီးတခု ခက်ခက်ခဲခဲသိမ်းပိုက်ရယူနိုင်ခကြောင်း၊ ယင်းသို့ သိမ်းပိုက်ရဟိပြီးနောက်မှရာ ပလက်ဝမြို့တမြို့လုံးကို နောက်ဆုံးမာမှ အလုံးစုံသိမ်းပိုက်ရယူနိုင်ခခြင်းဖြစ်တေပိုင် အောင်မြင်စွာထိန်းချုပ်ထားနိုင်ခပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ပလက်ဝမြို့ပတ်ဝန်းကျင်မာ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်၊ စကခ(၁၉) ရှိတန်းတပ်မဌာနချုပ်နန့်တပ်မ(၁၁) လက်အောက်ခံတပ်ရင်းတိစွာ ပလက်ဝမြို့ကို ဗဟိုပြုလို့ အရှိ၊အနောက်၊ တောင်၊မြောက် တပ်ဖြန့်ထားရေလို့ ဖော်ပြထားပါရေ။
ခလရ(၂၈၉)တပ်ရင်း ဌာနချုပ်စွာ ပလက်ဝ ဒေသတခုလုံးဟိ ၎င်းရို့၏ တပ်စခန်းတိအားလုံးကိုစီမံခန့်ခွဲပြီးကေ အမိန့်ပီးကွပ်ကဲနီရေ အဓိက တပ်မဌာနချုပ်တခုဖြစ်ပနာ တပ်မမှူးတိ ပူးတွဲ ကြီးကြပ်ကွပ်ကဲနီရေ စစ်ဗျူဟာကုန်းကြီးလည်းဖြစ်တေလို့ သိရပါရေ။
ပလက်ဝဒေသအတွင်းဟိတပ်ရင်းတိနန့် ပလက်ဝ ဒေသအတွင်း အခြီချလှုပ်ယှားရေ စကခ(၁၉) နန့် တပ်မ(၁၁) ရို့က တပ်မမှူးတိအားလုံးစွာ ပလက်ဝမြို့မာ အတူဟိနီကတ်ပြီးကေ ယင်းနီရာက ကွပ်ကဲအုပ်ချုပ်နီလို့ ပလက်ဝမြို့စွာ အကြီးဆုံး ဗျူဟာစခန်းကုန်းလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
“ပလက်ဝမြို့အခြီစိုက် စစ်ကောင်စီ၏ ခမရ (၂၈၉) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ(၁၀) ရက်၊ မိုးထ (၇) နာရီ (၁၀) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခသည်။ ရန်သူ့လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားရို့ကိုသိမ်းဆည်းရမိခသည်။ ဤ ခလရ(၂၈၉) တပ်ရင်းဌာနချုပ်များသည် ပလက်ဝဒေသအတွင်း မိမိရို့ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားသော စခန်းများစွာထဲမှ နောက်ဆုံးလက်ကျန်သိမ်းပိုက်ရန် ကျန်ဟိနီသိမ့်သောစခန်းများလည်းဖြစ်သည်။ ယင်းအပြင် ဤတပ်ရင်းဌာနချုပ်သည် စစ်ကောင်စီ၏ ပလက်ဝဒေသတခုလုံး စစ်ဆင်ရီးကို စီမံခန့်ခွဲ ညွှန်ကြားနီသော ဌာနချုပ်စခန်းဖြစ်သည့်အပြင် ပလက်ဝဒေသတခုလုံး နန့် အိန္ဒိယ-ဘင်္ဂလာဒေ့ချ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိဟိ ၎င်းရို့၏ စစ်စခန်းများသို့ ထောက်ပို့ပီးနီသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်သည်” လို့ ဆိုပါရေ။
ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နှမဒါဗျူဟာ နန့် ခန််ခတောင်ဗျူဟာ စခန်း နှစ်ခုထဲက ခန််ခတောင်ဗျူဟာ စခန်းကိုလည်း ဂျန်နဝါရီ ၁၃ ရက်နိမာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခပြီးကေ လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခကြောင်း၊ ယင်းခန်ခတောင်ဗျူဟာက ရန်သူတိမာ အိန္ဒိယနိုင်ငံဖက်အတွင်းသို့ ထွက်ဗြီးလားခကြောင်း သိရပါရေ။
တခြားတဖက်မာ တယောက်ချင်း၊ (သို့မဟုတ်) အုပ်စုချေတိနန့် ထွက်ဗြီးလွတ်မြောက်နီရေ ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်တိမာ လက်နက်နန့်( သို့) လက်နက်မဲ့နန့် ဟိနိုင်ရေအတွက် ပလက်ဝဒေသအတွင်း မိဖပြည်သူရို့အနီနန့် အထူးသတိထားကတ်ဖို့၊ အလားအလာတိဟိကေ သတိထားလားလာကတ်ဖို့ကိုလည်း ရက္ခိုင့်တပ်တော်က အလေးအနက်သတိပီးထားပါရေ။
ယင်းအပြင် ရက္ခိုင့်တပ်တော် အနီနန့် ပြည်သူရို့၏ အသက်၊ အန္တရာယ် ၊ အိုအိမ်၊ စည်းစိမ်ရို့ကို ဒေဂုထက်ပိုမိုလုံခြုံစိတ်ချစီဖို့အတွက် အဆိုပါ ထွက်ဗြီးလွတ်မြောက်နီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိကို လိုက်လံခြီမှုန်းတိုက်ခိုက်လျက်ဟိရေလို့ သိရပါရေ။
အလားတူ ရက္ခိုင်နန့် ပလက်ဝဒေသအတွင်း စစ်ဆင်ရီးကာလ နှစ်လပြည့်ရေ ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁၃ ရက်နိ၊ ညဇာ ၆ နာရီအချိန်မာ ပလက်ဝ-ကျောက်တော်မြို့နယ်အစပ်ဟိ မီးဝဗျူဟာကုန်း တခုလုံးကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခပါရေ။
“မီးဝ ဗျူဟာ”စခန်းကုန်းကြီးကိုလည်း ဂျန်နဝါရီ ၉ ရက်၊ မိုးထ ၁၀ နာရီ ၂၈ မိနစ်အချိန်မာ စတင်တိုက်ခိုက်ခပနာ ဂျန်နဝါရီ ၁၃ ရက်နိ၊ ညဇာ ၆ နာရီအချိန်မာ အပြီးသတ်သိမ်းပိုက်ရဟိခပြီးကေ ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြားအပြားကို သိမ်းဆည်းရမိခရေလို့ ဆိုပါရေ။
ယင်း “မီးဝဗျူဟာ” စခန်းကုန်းကြီးကို ရက္ခိုင့်တပ်တော်စွာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်က ၂၀၂၀ ခုနှစ်၊ မာ့ချ် ၁၇ ရက်အထိ ရက်ပေါင်း (၄၂) ရက်ကြာတိုင်အောင် ထိုးစစ်ဆင်တိုက်ခိုက်ခဖူးကေလေ့ ယင်းအချိန်က အပြီးသတ် သိမ်းပိုက် ရယူနိုင်ခခြင်း မဟိခရေ ဗျူဟာစခန်းတခုဖြစ်ကြောင်း၊ အဆိုပါ ထိုးစစ်အပြီး နှစ်နှစ်နီးပါးအကြာ ဒေနိမာ လေးရက်တာ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲတိုက်ခိုက်ပြီးနောက်မာရာ အဂုပိုင် အပြီးသတ် သိမ်းပိုက် ရယူနိုင်ခခြင်းဖြစ်ကြောင်းနန့် ယင်း မီးဝ ဗျူဟာက လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြားအပြားကိုလည်း သိမ်းဆည်းရမိခကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
မီးဝဗျူဟာ၊ နမဒါ ဗျူဟာကုန်းတိကိုသိမ်းပိုက်ပြီးရေနောက်မာ ကျောက်တော်မြို့နယ်အတွင်းဟိ အမြောက်တပ်စခန်းတခုဖြစ်တေ အမတ(၃၇၇) စခန်းကိုလည်း ဂျန်နဝါရီ ၁၄ ရက် ၊ မိုးထ ၃ နာရီ ၃၀ မိနစ်မာ လည်းကောင်း၊ ရသေ့တောင်မြို့နယ်၊ ရီစီုးချောင်း ဗျူဟာကုန်းကိုလည်း ဂျန်နဝါရီ ၁၄ ရက် ၊ နိခင်း ၁၂ နာရီမာ လည်းကောင်း ထပ်မံသိမ်းပိုက်ရဟိခရေလို့ သိရပါရေ။
“ရီစိုးချောင်း ဗျူဟာသည်လည်း ရသေ့တောင်မြို့နယ်အတွင်း မိမိရို့၏ နှစ်ရှည်လများ ဝိုင်းဝန်းပိတ်ဆို့ထားခြင်းခံရသော စခန်းတခုဖြစ်သည်။ ဒေနိအချိန်မာ ၎င်းရို့၏ အချက်အချာ နန့် မဟာဗျူဟာကျသော ဗျူဟာကုန်းကြီးများကို ရက္ခိုင့်တပ်တော်မှ တခုပြီးတခုသိမ်းပိုက်နီသောကြောင့် မည်သို့မျှ တောင့်ခံနိင်ခြင်း မဟိတော့သည်ကို ကောင်းစွာနားလည်သဘောပေါက်၍ ကြောက်လန့် စခန်းစွန့်ခွာထွက်ဗြီးလားခသောကြောင့် မိမိတို့ သိမ်းပိုက်ရဟိထားသော ဗျူဟာစခန်းကုန်းများမှ ရန်သူအချို့သည် ထွက်ဗြီးလွတ်မြောက်နီသောကြောင့် လိုက်လံယှင်းလင်းလျက်ဟိသည် လို့လည်း ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
ယင်းသို့ ထွက်ဗြီးလွတ်မြောက်နီသောစစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ရက္ခိုင့်တပ်တော်စွာ ရက္ခိုင်ပြည်၊မောင်တောမြို့နယ်၊ မြောက်ဖက်၊ ခမောင်းဆိပ်ရွာ အနောက်မြောက်ဖက် (၂.၂) ကီလိုမီတာ အကွာ အဝီးမာ ဂျန်နဝါရီ ၁၄ ရက်၊ နိခင်း ၂ နာရီ ၄၀ မိနစ်မာထိတွိတိုက်ပွဲဖြစ်ပြီး ကေ ရန်သူ(၂၀) ကျော်ကိူ အချိန်တိုတိုအတွင်းခြီမှုန်းသုတ်သင်နိုင်ခရေပိုင်း၊ ရန်သူ၏လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတိလည်းသိမ်းဆည်းရမိခရေလို့ ဆိုပါရေ။
သိမ်းပိုက်ရဟိရေစခန်းတိမာ နောက်ဆက်တွဲအနီနန့် ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ.၁၂ ရက်၊ မိုးထ ၁၁ နာရီလောက်မာ မြောက်ဦးမြို့၊ လင်းမြီတောင် စခန်းကိုလည်း သိမ်းပိုက်ရဟိခပြီးကေလက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခကြောင်း သိရပါရေ။
“ရောမမြို့ ကိုတရက်တည်းဖြင့်တည်ဆောက်၍ မရ” ဆိုရေပိုင် ရက္ခိုင်နန့် ပလက်ဝဒေသအတွင်းဟိ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရဟိခရေဗျူဟာစခန်း၊ အထိုင်ချစခန်းတိ၊ လက်နက်ကြီးစခန်းတိအပါအဝင် အားလုံးသောစခန်းသိမ်းတိုက်ပွဲတိုင်းစွာ လွယ်လင့်တကူ အသာတကြည်ရဟိခရေစခန်းတိတခုလည်းမဟိလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
အာရက္ခစစ်သည်တော်ရို့၏ထိုက်သင့်သောပီးဆပ်မှု၊ စွန့်လွှတ်စွန့်စားသောစစ်သည်တော်ရို့၏သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်မှု၊ ပီးအပ်လာသော အမိန့်နန့်တာဝန်ကျီပွန်မှု၊ စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှု၊ ရန်သူ၏ အားနည်းချက်ကိုအမိအရ ဖမ်းဆုပ်ရယူနိုင်မှုရို့နန့် ရယူခရေ စခန်းတိဖြစ်ကတ်ကြောင်း၊ တခြားတဖက်မာ ဆက်စပ်တိုက်ပွဲတိ၊ ဟန်ချက်ညီတိုက်ပွဲတိနန့် ရန်သူ၏စခန်းတိကိုတခုပြီးတခု ဗျူဟာကျစွာ သိမ်းပိုက်ခခြင်းဖြစ်ကြောင်း သိရပါရေ။
ရက္ခိုင်ပြည်မြောက်ပိုင်း၏ အရေးပါသောမြို့ကြီးရို့ကို ရန်သူ၏ လီကြောင်း၊ ရီကြောင်း၊ လက်နက်ကြီး ပစ်ကူအမြောက်အမြားနန့်ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်နီရေ ကြားက စစ်ကောင်စီ၏အရေးကြီးပြီးကေ အဓိကကျရေဗျူဟာကုန်း၊ အထိုင်ချစခန်းကုန်းတိနန့် ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပီးနီရေလက်နက်ကြီးစခန်းကုန်းတိကို ရက္ခိုင့်တပ်တော်ကလည်း ပြင်းထန်ရေ ထိုးစစ်ဆင်တိုက်ခိုက်မှုနန့် ရယူသိမ်းပိုက်နိုင်ခခြင်းဖြစ်ကြောင်း လည်း ထုတ်ပြချက်မာ ဖော်ပြထားပါရေ။