APM ၊ ဂျန်နဝါရီ ၁၄ / ၂၀၂၄
မင်းပြားမြို့နယ်မာ ဂျန်နဝါရီ ၁၄ ရက်နိ၊ နိခင်းက စစ်ကောင်စီ နေဗီက လက်နက်ကြီးနန့်ပစ်လို့ အပြစ်မဲ့ပြည်သူ ၄ ယောက် ပြင်းထန်ဒဏ်ရာရလားပြီးကေ လူနီအိမ် ၂ ဆောင် မီးလောင်ပျက်စီးလားကြောင်း သိရပါရေ။
ဒဏ်ရာရလားခရေလူတိကတော့ မင်းပြားမြို့နယ်၊ ကျားရဲပြင်ရွာက မောင်နေမျိုးဇော် (၁၅ နှစ်)၊ မောင်ထွန်းဝင်း (၁၇ နှစ်) ၊ ဦးမောင်ညိုအောင် (၆၅ နှစ်)နန့် နာမည် မသိရသိမ့်ရေ လူငယ် ၁ ယောက်ရို့ဖြစ်ကတ်ပါရေ။
ဒေနိ နိခင်း ၁၂ နာရီလောက်မာ စစ်တွေဖက်က မင်းပြားသို့ တက်လာရေ စစ်ကောင်စီနေဗီက ပစ်ခတ်လိုက်တေ လက်နက်ကြီး ကျည်နှစ်လုံးစွာ ကျားရဲပြင်ရွာထဲသို့ ကျရောက်ပေါက်ကွဲခကြောင်း ဒေသခံတိက ပြောပါရေ။
ယင်းလက်နက်ကြီးအစထိမှန်လို့မောင်နေမျိုးဇော်မာ ရင်ဝနန့် ဝမ်း၊ မောင်ထွန်းဝင်းမာ ညာဖက်ပေါင်၊ဦးမောင်ညိုအောင်မာ ညာဖက်လက်နန့် နောက်ကုန်း၊ နာမည်မသိရသိမ့်ရေ လူငယ်မာ မျက်နှာနန့် ညာလက်ရို့မာ အသီးသီးဒဏ်ရာရလားရေလို့ ဆိုပါရေ။
လက်ဟိ ဒဏ်ရာရလားခရေလူတိစွာ အရေးပေါ်ဆီးကုသမှုခံယူနီရေလို့ သိရပါရေ။
တချိန်းတည်းမာ ယင်းနေဗီက လက်နက်ကြီးနန့်ပစ်လို့ မင်းပြားမြို့နယ်၊ ကျားရဲပြင်ရွာက ဦးသန်းထွန်းအိမ်နန့် ပုလဲပေါက်ရွာက ဒေါ်ကြာစိန်ဖြူ ရို့အိမ်တိမာ လက်နက်ကြီးကျည်တိ ကျရောက်ပေါက်ကွဲပနာ မီးလောင် ပျက် စီးလားခရေလို့လည်း သိရပါရေ။