APM၊ ဂျန်နဝါရီ ၁၄ / ၂၀၂၄
ဂျန်နဝါရီ ၁၃ ရက်နိ၊ နိခင်း က မြောက်ဦးမြို့နန့် အနားတဝိုက် ရပ်ရွာတိကို စစ်ကောင်စီက ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့် ပစ်ခတ်ခလို့ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်အတွင်းက လူနီအိမ် ၁၀ ထက်မနည်း ထိမှန်ပျက်စီးခရကြောင်း ညီနောင်(၃)ဖွဲ့က ဂျန်နဝါရီ ၁၃ ရက်နိ၊ ညည့်မာ ထုတ်ပြန်လိုက်ပါရေ။
ညီနောင် (၃) ဖွဲ့၏ ထုတ်ပြန်ချက်အတွင်း “ဂျန်နဝါရီ (၁၃)ရက်နိ၊ နိခင်း (၁)နာရီ ၄၀ မိနစ်အချိန်ခန့်ကလည်း စစ်ကောင်စီ၏ မြောက်ဦး အခြီစိုက် ခမရ တပ်ရင်း များဖြစ်သည့် (၃၇၇) နန့် (၃၇၈) ရို့မှ မြောက်ဦးမြို့ ထက်ရပ်ကွက်များနန့် အနားတဝိုက်ကရပ်ရွာများအား လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်ခသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်ခမှုကြောင့် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်အတွင်းဟိ လူနီအိမ် ၁၀ ထက်မနည်း ထိမှန်ပျက်စီးခရသည် လို့ ဖော်ပြထားပါရေ။
တပြိုင်နက်တည်းမာပင် စစ်ကောင် စီ၏ဂျက်ဖိုက်တာနန့် Y 12 လီယာဉ်ရို့ကလည်း ကမ္ဘာ့အမွီအနှစ်စာရင်းဝင်ဖို့ အဆိုပြုထားရေ သမိုင်းဝင်မြောက်ဦးမြို့ကို လက်နက်ကြီးတိနန့် တမင်တကာ ပစ်ခတ်တိုက်ခိုက်ခပိုင်၊ ယင်း နိ ညည့် ၈ နာရီကျော်လောက်က မြောက်ဦးမြို့နယ်၊ စက်သားရွာအနားဟိ စစ်ကောင်စီ နေဗီက အကြမ်းဖက် ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်တိစွာ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်အတွင်းသို့ အတွဲ လိုက်ကျရောက်ပေါက်ကွဲခရေလို့ဆိုပါရေ။
စစ်ကောင်စီ၏ ယင်းပိုင်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့ခံ သက်ကြီးပိုင်းအမျိုးသားတယောက်သီဆုံးခရပြီးကေ၊အမျိုးသမီး တယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရဟိခပနာ ယင်းရပ်ကွက်က လူနီအိမ် ၁ ဆောင်လည်း ထိမှန်ပျက်စီးခရရေလို့ဖော်ပြပါရေ။
ယင်းအပြင် မင်းပြားမြို့အခြီစိုက် စစ်ကောင်စီ ၏ ခမရ (၅၄၁) တပ်ရင်း က ဂျန်နဝါရီ ၁၃ ရက်နိ၊ ညဇာ ၆ နာရီ ၁၀ မိနစ်အချိန်လောက်မာ မြောက်ဦးမြို့ကို လက်နက်ကြီးတိနန့် တမင်တကာ ထပ်မံပစ်ခတ်တိုက်ခိုက်ခလို့ မြောက်ဦးမြို့၊ ဘုရားပေါ်ရပ်ကွက်နီ ဒေသခံအမျိုးသား ၁ ယောက်၏ ညာဖက်ခြီထောက်မာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရဟိခရေလို့လည်း ညီနောင်အဟာမိတ် (၃) ဖွဲ့ ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။