
APM ၊ ဂျန်နဝါရီ ၁၄ / ၂၀၂၃
၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြီခံပညာကျောင်းများ၏ ကျောင်းတွင်းစစ် နန့် နှစ်ဆုံးစာမိန်းပွဲများ အချိန်စာရင်း ကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ အချိန်စာရင်းအရ ကျောင်းတွင်းစစ် စာမိန်းပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နိမှ မာ့ချ် ၁၈ရက်နိအတွင်း စစ်ဆီးရဖို့ ဖြစ်သည်။
ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၂ ရက်နိမှ ၂၈ ရက်နိ အတွင်း မူလတန်း၊ ဖေဖော်ဝါရီ ၂၂ ရက်နိမှ မာ့ချ် ၃ရက်နိ အတွင်း အလယ်တန်း၊ ဖေဖော်ဝါရီ ၁၄ ရက်နိမှ ၂၁ ရက်နိအတွင်း Grade-10အပါအဝင် ကျန်သည့်ကျောင်းတွင်း စစ်စာမိန်းပွဲများကို စစ်ဆီးမည်ဖြစ်သည်။
ယင်းအပြင် Grade-5 နန့် Grade-9 အတွက် “ပြီးမြောက်ခြင်းစာမိန်းပွဲ”အချိန်စာရင်းကိုပါ ပူးတွဲထုတ်ပြန် ထား ပြီး၊Grade-11သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမိန်းပွဲကိုမာ့ချ် ၈ ရက်နိမှ ၁၈ ရက်နိအထိကျင်းပမည့်အကြောင်း ကိုလေ့ ထပ်မံထုတ်ပြန်ထားသည်။
