
APM ၊ ဂျန်နဝါရီ ၁၄ /၂၀၂၃
စကစ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နန့် ထိုင်းစစ်ဦးချုပ် ကိုယ်စားလှယ်အဖွဲ့သည် ဂျန်နဝါရီ တတိယ အပတ်အတွင်း သံတွဲ၌ အရေးပေါ်တွိဆုံမည်ဟု သတင်းများ ထွက်ပေါ်လာသည်။
ထိုသို့ တွိဆုံရန်အတွက် မြန်မာစစ်တပ်သည် သံတွဲမြို့၏ နီရာအနှံ့ လူအင်အား အများအပြား တိုးချဲ့ချထားသည့် အပြင် ကင်းပုန်းချခြင်း၊ လှည့်ကင်းများချ၍ လိုက်လံစစ်ဆီးခြင်း၊ ရပ်ကွက်တိုင်း၌ နီအိမ်များကို တအိမ်တက် တအိမ်ဆင်း ဧည့်စာရင်းစစ်ဆီးခြင်း စသည်ဖြင့် တင်းတင်းကျပ်ကျပ် ပြုလုပ်လျက်ဟိကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် ကုန်ခသည့်ရက်ပိုင်းကလေ့ စကစ ဥက္ကဋ္ဌ နန့် ထိုင်းစစ်ဦးစီးချုပ်ရို့ တွိဆုံဖိုဟိသည်ဟုဆိုကာ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရီးမှူးများပူးပေါင်း၍ သံတွဲနန့် ငပလီဟိ လမ်းဘေးဈီးဆိုင်အများအပြားကို အတင်းအဓမ္မ ဖျက်သိမ်းခကတ်သည်။
စကစ ဥက္ကဋ္ဌနန့် တွိဆုံမည့် ထိုင်းစစ်ဦးစီးချုပ် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင် ၃၀ ခန့်ပါမည်ဖြစ်ပြီး၊ လာမည့် ဂျန်နဝါရီ ၁၉ ရက်နိတွင် ထိုင်းတော်ဝင်လီတပ် အထူးလီယာဉ်ဖြင့် သံတွဲမြို့သို့ ဆိုက်ရောက်လာမည်ဖြစ် ကြောင်းလေ့ သတင်းများ ထွက်ပေါ်လျက်ဟိသည်။
