APM ၊ ဂျန်နဝါရီ ၁၄/၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်မှနှုတ်ထွက်စာတင်ထားကတ်သည့် ရပ်/ကျေး အုပ်ချုပ်ရီးမှူး ၇၀ ကျော်ထဲမှ အုပ်ချုပ်ရီးမှူး ၂၄ ယောက်မှာ ကျန်းမာရီးမကောင်းဟုဆိုကာ လုံးဝပြန်လည်တာဝန်မထမ်းဆောင်တော့ဘဲ အပြီးပြတ် နှုတ် ထွက်လားခကြောင်း သိရသည်။
ယင်းအုပ်ချုပ်ရီးမှူးများမှာ ပိုးရွှီပြင်၊ ဆင်သီ၊ ဥယျာဉ်သာ၊ သြရမ၊ တောဖျားကန်ချောင်း၊ ပိန္နဲတော၊ယိုးတရုပ်၊ င/ပြောက်ဆည်၊ ပန်းနီလာ၊ ဘုရားကြီး၊ ခွဆုံ၊ ခြင်္သေ့၊ ကာတီ၊ ဆားငံကန်၊ သားပုံ၊ အလယ်ချောင်း၊ မှိုဟင်းတော၊ ဘဲခိုးကြိမ်ချောင်း၊ မှင်းဇီချောင်း၊ ရင်းချောင်း၊ ညောင်ခုံ၊ ဆင်ထိန်းကြီး၊ မြတ်သောက်နန့် ကျော်ဇံ စသည့်ကျေးရွာ များမှ ဖြစ်ကတ်သည်။
အဆိုပါ အုပ်ချုပ်ရီးမှူး ၂၄ ယောက်အပါအဝင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရီးမှူး ၇ဝ ကျော်ရို့သည် တာဝန်များကို တာဝန်ထမ်းဆောင်လိုစိတ် မဟိဟုဆိုကာ ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာ ၁၅ ရက်နိက မြို့နယ်အုပ်ချုပ်ရီးမှူးရုံးသို့ အသီးသီး နှုတ်ထွက်စာတင်ခကတ်သည်။
ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ အဆိုပါ နှုတ်ထွက်စာတင်ထးသည့် အုပ်ချုပ်ရီးမှူးများအား အစည်းအဝေးခေါ်ယူလျက် တာဝန်ပြန်ထမ်းဆောင်ရန် တိုက်တွန်းခသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် အုပ်ချုပ်ရီးမှူးအများစု ပြန်လည် တာဝန်ထမ်းဆောင်နီကတ်ကေလေ့ အဆိုပါ အုပ်ချုပ်ရီးမှူး ၂၄ ယောက်မှာ တော့ ကျန်းမာရီးမကောင်းဟုဆိုကာ အပြီးပြတ် နှုတ်ထွက်လားခခြင်း ဖြစ်သည်။
အလားတူ ရသေ့တောင်မြိုနယ်မှ ကျေးရွာအုပ်ချုပ်ရီးမှူး ၁၉ ယောက်လေ့ ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဒီဇမ်ဘာ ၁၆ ရက်နိက နှုတ်ထွက်စာတင်ခကတ်ပြီး လက်ဟိမှာတော့ ပြန်လည်တာဝန်ထမ်းဆောင်နီကတ်ပြီးဖြစ်ကြောင်း သိဟိရသည်။