
APM ၊ ဂျန်နဝါရီ ၁၄ (ညဇာ) အားကဇတ်
မန်ချက်စတာယူနိုက်တက်အသင်းသည် နယ်သာလန် တိုက်စစ်မှူး ဝက်ဟော့စ် နန့် စာချုပ်ချုပ်လိုက်ပြီး ဖြစ်ကြောင်း တရားဝင်ကြေညာသည်။
မန်ယူသည် ဝက်ဟော့စ်ကို ဘန်လေမှ ရာသီဝက်အငှားနန့် ခေါ်ယူ၍ ဒေဂုအခါ တရားဝင်စာချုပ်ချုပ်လိုက်ပြီးဖြစ်ကြောင်း ဂျန်နဝါရီ ၁၃ ရက်နိမှာ မန်ချက်စတာယူနိုက်တက်အသင်းက ကြေညာခသည်။
ယင်းသို့ စာချုပ်ချုပ်ဆိုရာ၌ ဝက်ဟော့စ်က “ကျနော်အယင်က မန်ယူအသင်းနန့် ကဇတ်ခဖူးပါရေ။ အဂုတော့ နာမည်ကြီး အင်္ကျီအနီကို ဝတ်ဆင်ခွင့်ရလို့ ပီတိဖြစ်မိပါရေ။ လာဖို့လတိမှာ ကလပ်အတွက် ကျနော် အရာအား လုံးပီးလားဖို့ ကတိပြုပါရေ” ဟု ပြောသည်။
ဝက်ဟော့စ်နန့် ပက်သက်၍ မန်ယူနည်းပြ တန်ဟက်ဂ်က “သူစွာ ကျနော်ရို့အသင်းမှာ အဂုလက်ဟိ တည် ဆောက်နီရေ စိတ်ဓာတ်နန့် အပြည့်အဝ ကိုက်ညီပါရေ။ ယေပြီးကေ သူ၏ထက်မြက်ရေ ကိုယ်ရည်ကိုယ်သွီး၊ ဘောလုံးအပေါ် စူးစူးစိုက်စိုက် ချဉ်းကပ်မှုတိကြောင့် ကျနော်ရို့အနီနန့် သူ့ကို အရခေါ်ယူခရစွာ ဖြစ်ပါရေ”ဟု ပြောဆိုခသည်။
အသက် ၃၀ အရွယ် ဝက်ဟော့စ်သည် ဘန်လေမှ အငှားဖြင့် တူရကီကလပ် Besiktas အသင်းမှာ ရာသီပထမ ပိုင်း ကဇတ်ခပြီး၊ ပြိုင်ပွဲအရပ်ရပ်၌ ၁၈ ပွဲကဇတ်ရာမှာ ၉ ဂိုး သွင်းယူခကြောင်း သိရသည်။
Besiktas အသင်းနန့် ကျန်ဟိသည့် ဝက်ဟော့စ်၏ စာချုပ်အတွက် မန်ယူအသင်းအနီနန့် ယူရို ၂.၈၃ သန်း ပီးရ မည်ဟု သိရသည်။
Source – Manchester United Sign Dutch Striker Weghorst On Loan
Photo – Reuters
