APM၊ ဒီဇမ်ဘာ ၁၃/၂၀၂၂
အင်္ဂလန်လက်ရွီးစင်အသင်းသမိုင်းတလျှောက် နိုင်ငံတကာပြိုင်ပွဲ အများဆုံးနန့် နိုင်ပွဲ အများဆုံး ရယူပီးနိုင်သည့် နည်းပြအဖြစ် လက်ဟိနည်းပြ ဆောက်ဂိတ် အပြတ်အသတ် ရပ်တည်နီသည်။
နည်းပြ ဆောက်ဂိတ်သည် ဒေဂုကျင်းပလျက်ဟိသည့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်အထိ နိုင်ငံ တကာ ပြိုင်ပွဲ(၅)ပွဲ ကိုင်တွယ်ခပြီးနောက် နိုင်ငံတကာပြိုင်ပွဲအရေအတွက် (၁၉) ပွဲအထိ ရောက်ဟိခသည်။
ယင်းအပြင် အင်္ဂလန်အသင်းသည် ဆောက်ဂိတ် ကိုင်တွယ်ခသည့် (၁၉) ပွဲအတွင်း (၁၁)ပွဲအထိ အနိုင်ရခကာ နိုင်ငံ တကာပြိုင်ပွဲကြီး၌ နိုင်ပွဲအများဆုံး နည်းပြအဖြစ် ထိပ်ဆုံးမှ ရပ်တည်နီသည်။
ဆောက်ဂိတ်သည် အင်္ဂလန်လက်ရွီးစင်အသင်းအား နိုင်ငံတကာ ပြိုင်ပွဲကြီး (၃) ခု၌ တာဝန်ယူခပြီး ယင်းပြိုင်ပွဲကြီး (၃)ခု၌ ဆီမီးဖိုင်နယ်တကြိမ်၊ ဗိုလ်လုပွဲတကြိမ်နန့် ကွာတားဖိုင်နယ်တကြိမ် တက်ရောက်နိုင်အောင် စွမ်းဆောင်ခ ကြောင်း သိဟိရသည်။
Photo- Sky Sports