APM၊ ဒီဇမ်ဘာ ၁၃/၂၀၂၂
ရက္ခိုင်ပြည်ဟိ စစ်ဖီးယှောင်စခန်းအသီးသီးတွင် ခိုလှုံနီကတ်သော စစ်ဖီးယှောင်များ အတွက် အနွီးထည်နန့် ပုဆိုး များ အရေးပေါ် လိုအပ်နီကြောင်း စစ်ဖီးယှောင်စခန်းတာဝန်ခံများက ပြောသည်။
ရက္ခိုင့်တပ်တော် AAနန့် မြန်မာစစ်တပ်ရို့ အပစ်အခတ် ရပ်တန့်လိုက်ပြီးနောက်ပိုင်း စစ်ဖီးယှောင် တချို့ နီရပ်ပြန် လားခကတ်ကေလေ့ အများစုမှာ ၎င်းရို့ရပ်ရွာအနား၌မြန်မာစစ်တပ်က စခန်းချတပ်စွဲထားမှုကြောင့် နီရပ်သို့ မပြန် နိုင်သိမ့်ဘဲ စစ်ဖီးယှောင်စခန်းများတွင် ဆက်လက်ခိုလှုံနီထိုင်ကတ်ရသည်။
လက်ဟိဆောင်းတွင်းကာလဖြစ်သဖြင့် စစ်ဖီးယှောင်စခန်းများဟိ စစ်ဖီးယှောင်အများစုမှာ ပုဆိုးနန့်အနွီးထည် များ လုံလုံလောက်လောက် မဟိ၍ အချေသူငယ်များ နန့် သက်ကြီးရွယ်အိုများမှာ အချမ်းဒဏ်ကိုခံစား နီကတ် ရသည်ဟု စစ်ဖီးယှောင်များက ပြောသည်။
ယင်းအပြင် စစ်ဖီးယှောင်များအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပီးနီသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများကိုလေ့ မြန်မာစစ်တပ်မှ လားလာထောက်ပံ့ခွင့်ပိတ်ပင်ထားသည့်အတွက် စစ်ဖီးယှောင် စခန်းများတွင် စားနပ်ရိက္ခာ အခက်အခဲများနန့်လေ့ ဆိုးဝါးစွာ ရင်ဆိုင်နီကြောင်း စစ်ဖီးယှောင်စခန်းတာဝန်ခံများက ဆိုသည်။
လက်ဟိရက္ခိုင်ပြည် မြို့နယ်များတွင် စစ်ဖီးယှောင်စခန်းပေါင်း ၁၀၀ ကျော်နီဟိပြီး၊ ယင်းစခန်းများ၌ လာရောက် ခိုလှုံနီထိုင်သည့် စစ်ဖီးယှောင်ဦးရေ ၁ သိန်းကျော်ဟိကြောင်းလေ့ သိရသည်။