
APM၊ ဒီဇမ်ဘာ ၁၃/ ၂၀၂၂
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန့်မြို့အနားတွင် တအာင်းအမျိုးသားလွတ် မြောက်ရီးတပ်မတော် (TNLA) နန့် မြန်မာစစ်တပ် ရို့အကြား တိုက်ပွဲပြင်းထန်နီပြီး၊ မြန်မာစစ်တပ်၏ လီကြောင်း တိုက်ခိုက်မှုများကြောင့် ကျေးရွာများမှ လူနီအိမ်များထိခိုက်ပျက်စီးကာ ဒေသခံထောင်ချီ၍ထွက်ဗြီးတိမ်းယှောင် နီကတ်ရကြောင်း PSLF/ TNLA သတင်းနန့် ပြန်ကြားရီးဌာနက ဒီဇမ်ဘာ ၁၃ရက်နိ သတင်းထုတ်ပြန်သည်။
ဒီဇမ်ဘာ ၇ ရက်နိမှစ၍ ဒေနိ ဒီဇမ်ဘာ ၁၃ရက်နိအထိ နမ့်ဆန်မြိုအနား၌TNLA နန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနီပြီး၊ မြန်မာစစ်တပ်က ကုန်းသာရွာကို လီကြောင်းမှ စီးနင်းတိုက်ခိုက်ရာ အနီးအနား ကျေးရွာများ ဖြစ်သည့် ဟူးမန်း၊ ပန်အလောက်၊ မန်လုံး၊ ပိန်းလုံနန့် ဆာမ်ငမ် ရွာများမှ ဒေသခံပြည်သူထောင်ချီ၍ ဖီးလွတ်ရာသို့ ထွက်ဗြီးတိမ်းယှောင်နီကတ်ရသည်ဟု ဆိုသည်။
အဆိုပါဒေသတွင် မြန်မာစစ်တပ်သည် ကုန်းကြောင်းသာမက၊ စစ်ရဟတ်ယာဉ်များနန့် ဂျက်တိုက်လီယာဉ်များပါ သုံးကာ ဗုံးကြဲတိုက်ခိုက်နီကြောင်း TNLA က ထုတ်ပြန်သည်။
ကုန်းသာကျေးရွာ၌ အိမ်ခြီ ၆၀ ခန့်ဟိပြီး၊ မြန်မာစစ်တပ်၏ လီကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ် မှု များကြောင့် လူနီအိမ်လေးလုံး မီးလောင် ပြာကျလားကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အပါအဝင် အိမ်ခြီ ၅၀ ကျော် လက်နက်ကြီးထိမှန် ပျက်စီးခရကြောင်း PSLF/ TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓါတ်ပုံ- PSLF/ TNLA သတင်းနန့် ပြန်ကြားရီးဌာန
