
APM၊ ဒီဇမ်ဘာ ၁၃/၂၀၂၂
အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ ကျေးရွာများသို့ ဆန်အပါအဝင် စားနပ်ရိက္ခာများ၊ ဆီးဝါး၊ စက်သုံးဆီနန့် အိမ်ဆောက်ပစ္စည်းများ သယ်ယူခွင့်ကို မြန်မာစစ်တပ်မှ ဆက်လက်ကန့်သတ်ထားဆဲဖြစ်ကြောင်း ဒေသခံများက ပြော သည်။
လက်ဟိ အမ်းမှ ဒါးလက်ချောင်းဖက်သို့လားသည့် လမ်းတလျှောက်၌ မြန်မာစစ်တပ်မှ စစ်ဆီးရီးဂိတ် ၄ ခု ဖွင့်ထားပြီး၊ ကုန်ပစ္စည်း သယ်ယူခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။
ယင်းသို့ ကုန်ပစ္စည်းများ သယ်ယူခွင့်ကို ကန့်သတ်ထားသည့်အတွက် ဒါးလက်ချောင်းဟိ ကျေးရွာများ၌ ကုန်ဈီး နှုန်းများမှာ အဆမတန် ထိုးတက်မြင့်မားလျက်ဟိသည်။
ဒါးလက်ချောင်း ကျေးရွာများ၌ နီထိုင်ကတ်သည့် ဒေသခံပြည်သူများမှာ တောင်ယာလုပ်ငန်းဖြင့် အသက်မွီးဝမ်း ကျောင်း ပြုနီကတ်ရသူများဖြစ်၍ အဂုပိုင် ဒေသတွင်း ကုန်ဈီးနှုန်းများ အဆမတန် မြင့်တက်နီခြင်းကြောင့် အခက်အခဲများစွာနန့် ရင်ဆိုင် ကြုံတွိနီကတ်ရသည်။
အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသတွင် ကျေးရွာပေါင်း ၄၂ ရွာဟိပြီး၊ ဒေသခံလူဦးရေပေါင်း ၁ သောင်းကျော်ခန့် နီထိုင်ကတ်ကြောင်း သိဟိရသည်။
