APM၊ နိုဗမ်ဘာ ၁၃/၂၀၂၂
ရက္ခိုင်ပြည်မှာ နီပြီး နိစဉ်နန့်အမျှ အပြစ်မဲ့ ရက္ခိုင်ပြည်သူများကို လက်နက်အားကိုးဖြင့်အကြမ်းဖက်သတ်ဖြတ်နီသည့် စစ်ကောင်စီတပ်အား ပြင်းထန်စွာကန့်ကွက်ရှုချပြီး၊ ရက္ခိုင်ပြည်အတွင်းမှ ချက်ချင်းထွက်လားဖို့ ရက္ခိုင်အစည်းအရုံး(ဂျပန်)က နိုဗမ်ဘာ ၁၁ရက်နိတွင် ရာဇသံပီးထုတ်ပြန်ကြေညာလိုက် သည်။
ထုတ်ပြန်ချက်၌ ” ရက္ခိုင်ပြည်တွင်း၌ နီပြီး နိစဉ်နန့်အမျှ အပြစ်မဲ့ရက္ခိုင်ပြည်သူများကို လက်နက်အား ကိုးဖြင့် အကြမ်းဖက် သတ် ဖြတ်နီသည့် စစ်ကောင် စီတပ်အား မိမိရိုရက္ခိုင်အစည်းရုံးအရုံး (ဂျပန်)မှ ပြင်းထန်စွာကန့်ကွက်ရှုချပြီး ရက္ခိုင်ပြည်အတွင်းမှ ချက်ချင်းထွက်ခွာလားရန်နန့် ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရီးယန္တရားများ မလည်ပတ်နိုင်အောင် ဝန်ထမ်းများ အပါအဝင် ပြည်သူတရပ်လုံးမှ စနစ်တကျ သပိတ်မှောက်ဆန့်ကျင်ကတ်ရန် လေးနက်စွာတိုက်တွန်းကာ မိမိရိုအနီဖြင့်လေ့ နိုင်ငံတကာ အစိုးရ အဖွဲစည်းများအားစစ်ကောင်စီကို ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရီးအတွက် ကြိုးပမ်းဆောင်ရွက်လားမည် ဖြစ်သည်” ဟု ဖော်ပြထားသည်။
ယင်းအပြင် ရက္ခိုင်ပြည်တွင် ၂ဝ၂၂ ခုနှစ်၊ သြဂတ်စ်လမှစ၍ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလျက်ဟိရာ အကြမ်းဖက် စစ်ကောင်စီ တပ်မှ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လူနီရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာများ၊ စစ်ရဟက်ယာဉ်များ၊ ဒရုန်းများ အသုံး ပြုပစ်ခတ်ခြင်း၊ ရပ်ရွာများအား မီးတိုက်ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ် ဖြတ်ခြင်း၊ ရက္ခိုင်ပြည်အတွင်း မငြိမ်သက်မှုများဖြစ်ပေါ်စီရန် ကုန်စည်စီးဆင်းမှုများအား နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးခြင်းစသည့် လူ့အခွင့် အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မူများကို ဆိုးရွားစွာ ဆက်တိုက်ကျူးလွန်လျက်ဟိကြောင်းလေ့ ထုတ်ပြန်ချက် က ဆိုသည်။
အလားတူ “၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာလ (၁၀) ရက်နိကလေ့ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့အခြီစိုက် (၅၅၀) တပ်ရင်းသည် ဆင်အင်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လူနီအိမ်များကို မီးရှိဖျက်ဆီးသည့်အပြင် အသက် (၉၁)နှစ်အရွယ် အမျိုးသမီးကြီး တဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၉) ဦးထက်မနည်းအား သွီးအီးအီးဖြင့် ရက်ရက် စက် စက်သတ်ဖြတ်ခကတ်ပြီး နိုဗမ်ဘာလ (၁၁)ရက်နီတွင်လေ့ ၄င်းမြို့နယ်ဒီပါရုံကျေးရွာနန့် ကျောက်တော်မြို့နယ် ရွှေပြည်သစ်ရွာများသို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့်အရပ်သားများသီဆုံး ဒဏ်ရာရမှုများဟိခကာ ဩဂတ်စ်လမှစ၍ ဒေနိထိ ရက္ခိုင်ပြည်တဝှမ်း စုစုပေါင်းစစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်ခံရသူ (၂၅) ဦး၊ ဒဏ်ရာဟိသူ (၇ဝ) ဦးထိရှိ လာပြီဖြစ်သည်” ဟုလေ့ ရက္ခိုင်အစည်းအရုံး (ဂျပန်)၏ နိုဗမ်ဘာ ၁၁ ရက်နိ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။