
APM၊ နိုဗမ်ဘာ ၁၃/၂၀၂၂
ဘူးသီးတောင်မြို့၊ ပန်ဇင်းချောင်းတန်းထား၌ နိုဗမ်ဘာ ၁၀ ရက်နိက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံရသည့်မူဆလင်တယောက်အား လက်ဟိအချိန်ထိမိသားစုဝင်များနန့်အဆက်သွယ်မရသိမ့်ကြောင်း သိရသည်။
အဖမ်းခံရသူမှာ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဂေါင်းစွဲအုပ်စု၊ မောင်လှမ(မူဆလင်)ရွာမှ ဦးဒေလီမူဟာ၏သား ဦးဟာနီဖာ(၃၅နှစ်) ဖြစ်သည်။
ဦးဟာနီဖာသည် ကုန်ခသည့် နိုဗမ်ဘာ ၁၀ ရက်နိ၊ မိုးထ ၈ နာရီခွဲအချိန်၌ တရွာတည်းနီ ဒေါ်ဟာစီနာခါတူ ဆိုသူနန့်အတူ ဆိုင်ကယ်တစီးဖြင့် ဘူသီးတောင်မြို့မှပြန်လာရာ ဘူးသီးတောင်မြို့၊ ပန်ဇင်းချောင်းတန်းထား စစ်ဆီးရီးဂိတ်၌ နှစ်ယောက်စလုံးကို ဖမ်းဆီးခခြင်းဖြစ်သည်။
ယင်းနောက် ဦးဟာနီဖာနန့် ဒေါ်ဟာစီနာခါတူရို့ နှစ်ယောက်ကို ဘူးသီးတောင်အခြီစိုက် စစ်ကောင်စီတပ် အမှတ်(၁)အခြီချစစ်ဗျူဟာ သို့ စစ်ကားတစီးဖြင့် ခေါ်ယူလားခသည်။
ဒေါ်ဟာစီနာခါတူကို နိုဗမ်ဘာ ၁၀ ရက်နိ ညဇာ ၆ နာရီခွဲအချိန်တွင် ပြန်လွှတ်ပီးလိုက်ကေလေ့ ဦးဟာနီဖာကိုနော့ ဆက်ဖမ်းထားလိုက်သည်။
ဦးဟာနီဖာနန့်အတူ ရွှေပေါင်၍ ရလာသည့် ငွေကျပ် ၁၀ သိန်းနန့် ဆိုင်ကယ်ကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းယူလားခသည်။
အလားတူ စစ်ကောင်စီတပ်သည် နိုဗမ်ဘာ ၁၂ ရက်နိကလေ့ ဘူးသီးတောင်မြို့နယ်မှ ကျွဲ၊ နွားကုန်သည် မူဆလင်နှစ်ယောက်ကို အကြမ်းဖက် ရိုက်နှက်သတ် ပုတ်ဖမ်းဆီးကာငွေကျပ်သိန်း ၆၀၀ ကိုပါ ယူဆောင် လားခကြောင်းလေ့ သိဟိရသည်။
