
APM၊ စပ်တမ်ဘာ ၁၃/ ၂၀၂၃
လစ်ဗျားနိုင်ငံအရှိပိုင်း ဒါနာမြို့မာ ဖြစ်ပွားခရေ ရီကြီးမှုအတွင်း စပ်တမ်ဘာ ၁၂ရက်နိအထိ သီဆုံးလူ ၃၀၀၀ ကျော်အထိ ဟိလာပြီးကေ ရီကြီးရေဒေသတိမာ လူပေါင်း ၁၀,၀၀၀ ကျော် ပျောက်ဆုံးနီကြောင်း အာဏာပိုင်တိက ထုတ်ပြန်ပါရေ။
ဒါနာမြို့တခုတည်းမာ ရီကြီးမှုအတွင်း သီဆုံးလူ ၃,၀၆၀ အထိ မြင့်တက်လာပြီးကေ လူပေါင်း ၅,၂၀၀ ပျောက်ဆုံး နီတုန်းဖြစ်ကြောင်း ပြည်ထဲရီးဝန်ကြီးဌာန ပြောခွင့်ရ အယ်လ်-ခါရက်ဇ်က ပြောကြားပါရေ။
သီဆုံးခရေလူတိထဲက အတည်ပြုဖော်ထုတ်နိုင်ခရေ ရုပ်အလောင်း ၂၈၀၀ ကို အာဏာပိုင်များက မြှုပ်နှံ သင်္ဂြိုလ်လိုက်ယာဖြစ်ပြီးကေ နောက်ထပ်အတည်မပြုနိုင်သိမ့်ရေ ရုပ်အလောင်း ၂၆၀ ကျန်နီသိမ့်ရေလို့ ဆိုပါရေ။
အယ်လ်-ခါရက်ဇ်က ရှာဖွီကယ်ရီးလုပ်ငန်းတိကို အလေးပီးလုပ်ဆောင်နီပြီးကေ နောက်ထပ်ရုပ်အလောင်းတိကို မြို့တွင်းဟိ နီရာအသီးသီးက ဆက်လို့ ရှာနီရေအတွက် သီဆုံးလူဦးရေ သိသိသာသာများလာနိုင်ကြောင်း ပြောကြားပါရေ။
တချိန်တည်းမာ နိုင်ငံတကာ ကြက်ခြေနီနန့် လခြမ်းနီအသင်း ကိုယ်စားပြု လစ်ဗျားသံတမန် တမ်မာရမဒန်က ရီဖီးသင့်ဒေသ အားလုံးမာ အနည်းဆုံး လူ ၁၀,၀၀၀ လောက် ပျောက်ဆုံးနီပြီးကေ လူပေါင်း ၄၀,၀၀၀ လောက်ကို ဖီးလွှတ်ရာသို့ ရွှိပြောင်း ထားရကြောင်း စပ်တမ်ဘာ ၁၂ ရက်နိက ကုသမဂ္ဂ အစည်းအဝေးမာ ပြောကြားခပါရေ။
လစ်ဖျားနိုင်ငံအရှိပိုင်း ကမ်းရိုးတန်းတလျောက်ကို စပ်တမ်ဘာ ၁၀ရက်နိက ဝင်တိုက်ခရေ ဒန်နီရယ်မုန်တိုင်းကြောင့် ဆိုးရွားရေ အဖြစ်အပျက်တိ ဖြစ်ပေါ်ခစွာဖြစ်ပြီးကေ နီရာအနှံ့ ရီကြီးမှုတိဖြစ်ခပနာ အဆောက်အဦးအများအပြား ပျက်စီးခပါရေ။
လစ်ဗျားအာဏာပိုင်တိက ရီကြီးမှုအပြီးမာ နိုင်ငံတကာက အကူအညီတိပီးဖို့ တောင်းဆိုခပြီး ဒါနာ၊ အယ်လ်-ဘေဒါနန့် ချာဟတ် မြို့တိကို အရေးပေါ်အကူအညီလိုအပ်တေ ဒေသတိအဖြစ် ကြေညာထားပါရေ။
Source – Over 5,200 people feared dead, another 10,000 missing after flooding in Libya, officials say
Photo AFP

