
APM၊ စပ်တမ်ဘာ ၁၃/ ၂၀၂၃
စင်ကာပူစစ်တပ်နန့် တရုတ်စစ်တပ်ရို့ရေ စင်ကာပူနိုင်ငံမာ ၁၀ ရက်ကြာ ပူးတွဲစစ်ရီးလိကျင့်မှုပြုလုပ်နီကြောင်း သိရပါရေ။
စင်ကာပူတပ်မတော်နန့် တရုတ်ပြည်သူ့လွတ်မြောက်ရီးတပ်မတော် (PLA) ရို့ရေ ကုန်ခရေ စပ်တမ်ဘာ ၅ ရက်နိကစလို့ နက်ဖန် (စပ်တမ်ဘာ ၁၄ ရက်နိ)အထိ စစ်ရီးလိကျင့်မှုတိ လုပ်နီကတ်စွာဖြစ်ပါရေ။
အဆိုပါစစ်ရီးလိကျင့်ရီးမှုရေ ကိုဗစ်ရောဂါဖြစ်တေ ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် လုပ်တေ စစ်ရီးလိကျင့်မှုဖြစ်ပြီး စပ်တမ်ဘာ ၁၂ ရက်နိက ပိတ်ပွဲအခမ်းအနားကြိုတင်ပြုလုပ်ခကတ်ပါရေ။
ဒေနှစ် စစ်ရီးလိကျင့်မှုမှာ မြို့ပြအကြမ်းဖက်မှု နှိမ်နင်းရီး စစ်ဆင်ရီးဖြစ်ပြီးကေ စစ်တပ်နှစ်ခုစလုံးက တပ်ရင်းအဆင့် ကွပ်ကဲမှု လိကျင့်ခန်း၊ ကယ်ဆယ်ရီးဆိုင်ရာ အကြမ်းဖက်မှု နှိမ်နှင်းရီးစစ်ဆင်ရီးများကို အပြန်အလှန် လိကျင့်မှုတိ လုပ်ခကတ်တေလို့ သိဟိရပါရေ။
Source – Singapore and China conduct joint military exercise
Photo – MINDEF


