APM ၊ စပ်တမ်ဘာ ၁၃ / ၂၀၂၃
အာဆင်နယ်အသင်းဂေါင်းဆောင် အိုဒီဂတ်က သူ့အနီနန့် အာဆင်နယ်အသင်းမာ အချိန်အကြာကြီးဟိနီဖို့ ရည်မှန်းထားကြောင်း Nettavisen နန့် အင်တာဗျူးမာ ပြောဆိုပါရေ။
အာဆင်နယ်အသင်းစွာ ကွင်းလယ်ကဇတ်သမား အိုဒီဂတ် ကို စာချုပ်သစ်ချုပ်ဖို့ စီစဉ်နီပြီး စာချုပ်သစ်ကိစ္စနန့် ပတ်သက်လို့ မီးမြန်းရေခါ အိုဒီဂတ်က ယင်းပိုင်ပြောဆိုခစွာပါ။
အာဆင်နယ်မာ ကျနော် ကဇတ်နီရစွာ ပျော်ရွှင်ပါရေ။ အသင်း နန့်တတူ အချိန်အကြာကြီး ဟိနီဖို့အတွက်လည်း ရည်မှန်းထားပါရေ။ စာချုပ်ကိစ္စနန့်ပတ်သက်လို့ အဂုအချိန်မာ မှတ်ချက်မပီးချင်သိမ့်ပါ လို့ အိုဒီဂတ်က ဆိုပါရေ။
အသက် ၂၄ နှစ်အရွယ် နော်ဝေ အသင်းဂေါင်းဆောင် အိုဒီဂတ်စွာ ၂၀၂၁ ခုနှစ် ဂျန်နဝါရီလမာ ရီးရဲမက်ဒရစ်အသင်းကနီ အာဆင်နယ်ကို အငှားနန့် ရောက်လာပြီး သြဂတ်စ်လမာ အမြဲတမ်းကဇတ်သမားအဖြစ် ၄ နှစ်စာချုပ် ချုပ်ဆိုခစွာဖြစ်ပါ။
လက်ဟိ အိုဒီဂတ် နန့် အာဆင်နယ်ရို့စာချုပ်သက်တမ်းစွာ ၂၀၂၅ ခုနှစ်မာ ကုန်ဆုံးဖို့ဖြစ်ပြီး နောက်ထပ်တနှစ် သက်တမ်းတိုးခွင့်လည်း ဟိသိမ့်ကြောင်း သိဟိရပါရေ။
Source-Martin Odegaard has refused to detail contract talks with Arsenal but insisted he is “very happy” at the club/90min
Photo- Arsenal.com