APM၊ စပ်တမ်ဘာ ၁၃ / ၂၀၂၃
အိန္ဒိယနိုင်ငံ၊ ရာဇဌာန်ပြည်နယ်ဟိ ဘာရတ်ပိုမြို့မာ ဒေနိ(စပ်တမ်ဘာ ၁၃ ရက်)နိ၊ မိုးထစောစော ၄ နာရီ ၃၀ မိနစ်လောက်က ယာဉ်တိုက်မှုတခုဖြစ်ပွားခလို့ လူ ၁၁ ယောက် သီခပြီးကေ လူ ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရဟိခရေလို ရဲတပ်ဖွဲ့က ဆိုပါရေ။
ယာဉ်တိုက်မှုရေ ဂျိုင်းပို – အက်ဂရာ အဝီးဗြီးလမ်းမထက်မာ ဖြစ်ပွားခစွာဖြစ်ပြီးကေ ဘုရားဖူးခရီးသည်တိလိုက်ပါလာရေ ဘတ်စ် ကားတစီးကို ထရပ်ကားတစီးက နောက်က ဝင်တိုက်မိခစွာဖြစ်ပါရေ။
ယာဉ်တိုက်မှုအတွင်း လူ ၆၄ ယောက် လိုက်ပါလာရေ ဘုရားဖူး ဘတ်စ်ကားက အမျိုးသမီး ၆ ယောက်နန့် အမျိုးသား ၅ ယောက် သီဆုံးခပြီးကေ ထိခိုက်ဒဏ်ရာရရေလူတိကို ဆီးရုံတိသို့ ပို့ဆောင်ထားရေလို့ ဆိုပါရေ။
ဂူဂျာရတ်အစိုးရက သီဆုံးလူတိအတွက် ဝမ်းနည်းကြောင်း ပြောကြားခပြီး သီဆုံးလူများ၏ မိသားစုဝင်တိကို ရူပီး ၄ သိန်းနန့် ထိခိုက်ဒဏ်ရာရလူတိကို ရူပီး ၅ ထောင် စီ ထောက်ပံ့လားဖို့လို့ ပြောကြားခပါရေ။
Source – 11 pilgrims from Gujarat killed as trailer truck rams into bus in Rajasthans Bharatpur
Photo – PTI