
APM၊ စပ်တမ်ဘာ ၁၃/ ၂၀၂၃
ဘရာဇီးနိုင်ငံ၊ ရီယိုဂရန်းဒေးဒိုဆိုလ်ပြည်နယ်မာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၄၇ ယောက် သီဆုံးခကြောင်း အာဏာပိုင်တိက စပ်တမ်ဘာ ၁၂ ရက်နိမာ ထုတ်ပြန်ပါရေ။
ဆိုင်ကလုန်းမုန်တိုင်းရေ ကုန်ခရေ စပ်တမ်ဘာ ၄ ရက်နိက ရီယိုဂရန်းဒေး ဒိုဆိုလ်ပြည်နယ်ကို ဝင်တိုက်ခရေနောက် မြို့ ၉၈ မြို့ လောက်မာ ပျက်စီးမှုတိဖြစ်ခပြီးကေ တကွေရီမြစ်ရီ မြင့်တက်ခစွာကြောင့် ရီကြီးမှုတိဖြစ်ပနာ လူသီဆုံးမှုများခစွာဖြစ်ပါရေ။
မုန်တိုင်းကြောင့် လူပေါင်း ၂၅,၀၀၀ ကျော်ကို ဖီးလွှတ်ရာသို့ ရွှိပြောင်းခရပြီးကေ အနည်းဆုံး လူ ၉၂၅ ယောက် ထိခိုက်ဒဏ်ရာ ရခရေလို့ ရီယိုဂရန်းဒေးဒိုဆိုလ် မြို့ပြကာကွယ်ရီးဌာနက ပြောကြားပါရေ။
ယင်းအပြင် စပ်တမ်ဘာ ၁၂ ရက်နိအထိ လူ ၈ ယောက် ပျောက်ဆုံးနီကြောင်း ပြည်နယ်အစိုးရက ဆိုပါရေ။
တချိန်တည်းမာ ဒေအပတ်အတွင်း နောက်ထပ်ဆိုင်ကလုန်းမုန်တိုင်းတိ ဟိနီသိမ့်ရေအတွက် ဘရာဇီးအစိုးရရေ စီးပွားရီးနန့် ပြန်လည်ထူထောင်ရီးလုပ်ငန်းစဉ်တိကို ကြိုတင်ပျင်ဆင်နီပါရေ။
ရီယိုဂရန်းဒေး ဒိုဆိုလ်ပြည်နယ်မာ ကုန်ခရေ ဂျူန်လကလေ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတလုံးဝင်တိုက်လို့ လူ ၁၆ယောက် သီဆုံးခပြီးကေ မြို့ပေါင်း ၄၀ မာ ပျက်စီးဆုံးယှုံးမှုတိ ဖြစ်ပေါ်ခပါသိမ့်ရေ။
Source – Death toll rises to 47 from Brazil cyclone
Photo – AP
