
APM ၊ ဩဂတ်စ် ၁၃ / ၂၀၂၃
အယ်လ်နာဆာအသင်းသည် ဩဂတ်စ် ၁၂ ရက်နိ ညဇာက ကဇတ်ခသည့် အာရပ်ကလပ်ချန်ပီယံသျှိဗိုလ်လုပွဲတွင် ပြိုင်ဖက် အယ်လ်ဟီလာ အသင်းကို ၂ ဂိုး ၁ ဂိုးနန့်အနိုင်ရကာ အာရပ်ကလပ်ချန်ပီယံသျှိဆုဖလားကို ဆွတ်ခူးရဟိလားကြောင်း သိရသည်။
အဆိုပါ ဗိုလ်လုပွဲတွင် အယ်လ်ဟီလာအသင်းဖက်မှ ဦးဆောင်ဂိုးကို ပွဲချိန် ၅၁ မိနစ်တွင် မိုက်ကယ်က သွင်းယူ နိုင်ခကေလေ့ အယ်လ်နာဆာအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၄ မိနစ်တွင် စီရော်နယ်ဒိုက သွင်းယူပီးခသည်။
အလားတူ အယ်လ်နာဆာအသင်းအတွက် အနိုင်းဂိုးကိုလေ့ နာကြင်အချိန်ပို ၈ မိနစ်တွင် စီရော်နယ်ဒိုက သွင်းယူပီးခပြီး ပွဲအပြီး၌ ၂ ဂိုး ၁ ဂိုးနန့် အနိုင်ယူကာ ဆုဖလားရဟိလားခြင်းဖြစ်သည်။
အသက် ၃၈ နှစ်အရွယ် စီရော်နယ်ဒိုသည် ပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံးကဇတ်သမား အဖြစ်လေ့ ရပ်တည်နိုင်ခပြီး ပြိုင်ပွဲ၏ ရွှီဖိနပ်ဆုကိုပါ ရဟိခသည်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် တိုက်စစ်မှူး စီရော်နယ်ဒို၏ သွင်းဂိုးများဖြင့် အသင်းသမိုင်းတလျှောက် အာရပ်ကလပ် ချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခခြင်းဖြစ်သည်။
Source Ronaldo wins first title at Al-Nassr with brace in Arab Club Champions Cup final
Photo Reuters
