APM ၊ ဩဂတ်စ် ၁၃ / ၂၀၂၃
ပြီးခသည့်ရက်ပိုင်းက ရီးကြီးမှုဒဏ်ခံခရသည့် ရက္ခိုင်ပြည်မြို့နယ်အများအပြား၌ စိုက်ပျိုးထားသော လယ်မြီဧက သောင်းချီပျက်စီးခရကြောင်း သိရသည်။
သြဂတ်စ် ၁ ရက်နိမှ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုနန့်အတူ မြစ်ရီ၊ချောင်းရီမြင့်တက်မှုများကြောင့် ရက္ခိုင်ပြည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားအပါအဝင် မြို့နယ်အများအပြား၌ စိုက်ပျိုးထားသော လယ်မြီဧက အများအပြားမှာ ရီလွှမ်းမိုးမှုဒဏ်ခံခရသည်။
ယင်းအနက် ရီကြီးမှုဒဏ်အဆိုးဝါးဆုံးခံခရသည့် လေးမြို့မြစ်ကမ်းတလျှောက်မှ မြောက်ဦးနန့် မင်းပြားမြို့နယ်များဟိ ကျေးရွာအများစုနန့် ကုလားတန်မြစ်ကမ်းတလျှောက်ဟိ ကျောက်တော်မြို့နယ်မှ ကျေးရွာအများစုတွင် စိုက်ပျိုထားသော လယ်ဧကအတွင်း ကျုပ်နစ်များဝင်ရောက်ကာ လယ်ဧက သောင်းချီပျက်စီးခရကြောင်း သိရသည်။
လက်ဟိ ယင်း ကျုပ်နစ်များအတွင်း ပြန်လည်ထွန်ယက်စိုက်ပျိုးရန်လေ့ မျိုးစပါးများမဟိ၍ များစွာအခက်ကြုံနီ ကတ်ရသည်ဟု ဆိုသည်။
ရက္ခိုင်တွင် လယ်မြီဧကပေါင်း ၁၂ သိန်းကျော်ဟိပြီး ပြီးခသည့်နှစ်က လယ်မြီဧက ၉ သိန်းလောက်စိုက်ပျိုးခကာ စပါးအထွက်နှုန်းလေ့ ၅၀% ကျဆင်းခရသည်။
ဒေနှစ်မှာလေ့ မုန်တိုင်းအပါအဝင် ရီလွှမ်းမိုးမှုများကြောင့် စပါးအထွက်နှုန်း ထပ်မံလျှော့ကျနိုင်ကြောင်း တောင်သူလယ်သမားအရေးဆောင်ရွက်နီသူများက သုံးသတ်ကတ်သည်။