APM ၊ သြဂတ်စ် ၁၃ / ၂၀၂၃
ဘရာဇီးလ်စီးရီးအေထိပ်သီးကလပ် ဘိုတာဖိုဂိုအသင်း သည် ချဲလ်ဆီး နန့် အက်သလက်တီကို တိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာကိုအလွတ်ပြောင်းရွှိကြေးဖြင့် ခေါ်ယူလိုက်ကြောင်း သြဂတ်စ် ၁၂ ရက်နိက ပြောကြားသည်။
အသက် ၃၄ အရွယ် ကော်စတာ သည် ပြီးခသည့် ရာသီက ပရီးမီးယားလိဂ်ကလပ် ဝုဖ်ဗာဟမ်တန်အသင်းမှ ထွက်ခွာလာပြီး နောက် ဘိုတာဖိုဂိုအသင်းသို့ ပြောင်းရွှိလာခြင်းဖြစ်ပြီး စာချုပ်အချက်အလက်ကိုတော့ အသင်းဖက်မှ ထုတ်ဖော်ပြောကြား ခြင်း မဟိကြောင်း သိရသည်။
ဘိုတာဖိုဂို သည် အသင်းတိုက်စစ်မှူး ဆိုးရစ် ဒူးအရွတ်ဒဏ်ရာ ရဟိလားသည့်အတွက် ကော်စတာ နန့် အစားထိုးလိုက်ခြင်း ဖြစ်ကာ ကော်စတာ၏ စွမ်းဆောင်ရည်များအပေါ်မှုတည်၍ စာချုပ်ထပ်တိုးလားမည်ဟု ဆိုသည်။
ကော်စတာသည် ၂၀၁၁ ခုနှစ်တွင် အက်သလက်တီကို သို့ ဒုတိယအကြိမ် ပြန်ရောက်လာပြီး လာလီဂါဖလား၊ ကိုပါဒယ်ရေး ဖလား နန့် UEFA စူပါဖလားရို့ကိုဆွတ်ခူးပီးခကယ ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အတွင်း ချဲလ်ဆီးအသင်း၌ ပြိုင်ပွဲအရပ်ရပ် ၅၉ ဂိုးနန့် ပရီးမီးယားလိဂ်ဖလား(၂) ကြိမ်၊ လိဂ်ဖလား (၁) ကြိမ် ဆွတ်ခူးခသည်။
ယင်းနောက် အက်သလက်တီကိုအသင်းသို့ တတိယအကြိမ်ပြန်ရောက်လာပြီး ၈၃ ဂိုးသွင်းယူ၍ လာလီဂါဖလား (၂) ကြိမ် နန့် ယူရိုပါလိဂ်ဖလားရို့ကို ဆွတ်ခူးရဟိခသည်။
Source-Botafogo signed former Chelsea striker Costa/Reuters
Photo-The Independent