APM၊ ဩဂတ်စ် ၁၃/ ၂၀၂၃
ကုန်ခသည့် ဂျူလိုင်လကုန်မှစ၍ မုတ်သုံ မိုးသည်းထန်စွာ ရွာသွန်းရာမှ ရီကြီးမှုများကြောင့် ရက္ခိုင်ပြည်နန့် မွန်ပြည်တွင် လူ ၅ ယောက်သီဆုံးခပြီး မြန်မာပြည်တဝန်း လူ ၆ သောင်းလောက် ရီဖီးသင့်ခရကြောင်း တာဝန်ဟိသူများက ပြောကြားသည်။
ရီကြီးမှုကြောင့် ရက္ခိုင်ပြည်တွင် လူ ၂ ယောက်နန့် မွန်ပြည်တွင် လူ ၃ ယောက်သီဆုံးခရပြီး ယင်းအထဲတွင် အချေ ၄ ယောက် ပါကြောင်း ဖီးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရီးမှူး ဒေါ်ရွှီစင်ဦးက ပြောကြားသည်။
မိုးရွာသွန်းမှုနန့် အတူ မြစ်ရီမြင့်တက်မှုကြောင့် ကုန်ခသည့် ဩဂတ်စ် ၇ ရက်နိမှစ၍ ရက္ခိုင်ပြည်၊ ကရင်ပြည်၊ မွန်ပြည်နန့် မြန်မာပြည် အလယ်ပိုင်း ပဲခူး၊ မကွေးရို့တွင် ရီကြီးမှုများဖြစ်ပေါ်နီပြီး လူပေါင်း ၆ သောင်းလောက်ကို ဖီးလွတ်ရာသို့ ရွှိပြောင်းခရသည်ဟု သိရသည်။
ရီဖီးသင့်လူများထဲမှ လူ ၂သောင်းလောက် နီရပ်ပြန်နိုင်ခကေလေ့ ဒေဂုအချိန်အထိဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်း များစသည့် ယာယီရီဖီးဒုက္ခသည်ကယ်ဆယ်ရီးစခန်းများတွင် လူပေါင်း ၄ သောင်းလောက် ခိုလှုံနီရသိမ့်သည်ဟု ဆိုသည်။
ဒေဂုအပတ်အတွင်း ရီကြီးမှုသည် ပို၍ဆိုးရွားခပြီး ရီကြီးမှုဖြစ်ပေါ်နီသည့် ဒေသများတွင် စာသင်ကျောင်းများကို ပိတ်ထား ခရကာ ထိုင်း-မြန်မာကုန်သွယ်ရီးအတွက် အဓိကနယ်စပ်ဖြစ်သည့် မြဝတီကုန်သွယ်ရီးစခန်းကို ပြန်ဖွင့်ရန် တလလောက် အချိန်ယူရမည်ဟု သိရသည်။
မြန်မာပြည်သည် မိုးရာသီတွင် နှစ်စဉ်နီးပါး ဆိုးရွားသည့် ရာသီဥတုဒဏ်ကို ကြုံတွိနီရပြီး ကုန်ခသည့် ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့်လေ့ လူပေါင်း ၁၃၈,၀၀၀ ကျော် သီဆုံးခရသည်။
Source – Floods triggered by monsoon rains in Myanmar have killed 5 people, displaced 60,000 since mid-July