
APM၊ ဩဂတ်စ် ၁၃/ ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် ဒေဂု ဩဂတ်စ်လအစပိုင်းမှစ၍ ဖြစ်ပွားခသည့် မိုးသည်းထန်စွာ ရွာသွန်းမှုနန့် ရီကြီးမြီပြိုမှုများ ကြောင့် နှစ်ပတ်အတွင်း လူ ၅၅ ယောက်ထက်မနည်းသီဆုံးခကြောင်း အာဏာပိုင်များက ဒေနိ(ဩဂတ်စ် ၁၃ရက်)နိတွင် ပြောကြားသည်။
ဩဂတ်စ် ၁ ရက်နိမှ စသည့် ရီကြီးမြီပြိုမှုများကြောင့် ခရိုင်လေးခုတွင် အဆိုးဝါးထိခိုက်ခပြီး ကော့ဇ်ဘဇားတွင် လူ ၂၁ ယောက်၊ စစ်တကောင်းတွင် ၁၉ ယောက်၊ ဘန်ဒါဘန်တွင် ၁၀ ယောက်နန့် ရင်္ဂါမာတီတွင် ၅ ယောက် သီဆုံးခကြောင်း ခရိုင်အုပ်ချုပ်ရီး အာဏာပိုင်များက ဆိုသည်။
ဒေဂုနှစ်မိုးကြီးမှုသည် မကြာခင်နှစ်များအတွင်း အပြင်းထန်ဆုံးမိုးရွာသွန်းမှုဖြစ်ပြီး ဩဂတ်စ် ၇ ရက်နိတရက်တည်း မိုးရီချိန် ၃၁၂ မီလီမီတာ ရွာသွန်းခကြောင်း ဘင်္ဂလားဒေ့ချ် မိုးလီဝသဌာန အကြီးအကဲ Azizur Rahman (အဇီဇွာ ရာမန်) က ပြောကြားသည်။
ရီကြီးမြီပြိုမှုများကြောင့် ကော့ဇ်ဘဇားဟိ ဒုက္ခသည်စခန်းတွင် အချေတယောက်အပါအဝင် ဒုက္ခသည် ၄ယောက်သီဆုံးခပြီး လူ ၂၀၀၀ လောက်ကို ဖီးကင်းရာသို့ ရွှိပြောင်းပီထားရကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mizanur Rahman (မီဇနော် ရာမန်) က ဆိုသည်။
ရီကြီးမှုဒဏ်ကို ဒုတိယအဆိုးဝါးဆုံးခံခရသည့် စစ်တကောင်းခရိုင်တွင် လူနီအိမ် ၅၀၀၀ လောက်ပျက်စီးခပြီး လူပေါင်း ၄ သိန်းခွဲ လောက် ရီဖီးဒဏ်သင့်ခရကြောင်း သိဟိရသည်
Source – 55 killed in Bangladesh floods this month
Photo Sinar Daily
