APM ၊ သြဂတ်စ် ၁၃/ ၂၀၂၂
ရက္ခိုင်ပြည် မြို့တော်စစ်တွေ၌ မြန်မာစစ်တပ်နန့် ALP တပ်ဖွဲ့ဝင်များပူးပေါင်းသည့် အင်အား ၁၀၀ ခန့်က ရက္ခိုင်တမျိုးသားလုံး ဝမ်းနည်းပူဆွေးနီရသည့်အချိန် သြဂတ်စ် (၁၃) ရက္ခိုင်ဆန်ပြဿနာနိ မွန်းလွဲ ၂ နာရီခန့်တွင် စစ်တွေမြို့ စက်ရုံစု (ရွာသာယာ) ရပ်ကွက် အာကျိတ်တော်ကုန်း၌ စုဝေးပြီး စစ်ကား (၅)စီးဖြင့် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းဟိ ဇက်သင်္ဘောတစီးထက်သို့ တက်၍ ဆိပ်ကမ်းမှ ထွက်ခွာလားခကြောင်း ခိုင်မာသော သတင်းရင်းမြစ်များက ပြောသည်။
ယင်းဇက်သင်္ဘောထက်တွင် မြန်မာစစ်တပ်မှ အင်အား ၈၀ ခန့် ပါပြီး၊ ALP တပ်ဖွဲဝင်အင်အား ၂၀ ဦးခန့် လိုက်ပါ လားသည်ကို တွိမြင်လိုက်ရကြောင်းခိုင်မာသော သတင်းရင်းမြစ်များက ဆိုသည်။
ဒေဂု သြဂတ်စ်လအတွင်း ALP သည် မြန်မာစစ်တပ်နန့်ပူးပေါင်း၍ အပြစ်မဲ့ပြည်သူလူထုကိုဖမ်းဆီးခြင်း၊ စစ်ရီးလှုပ်ယှားမှုပြု လုပ်ခြင်းစသည့် ရက္ခိုင်ပြည်သူများ မလိုလားသည့် ကိစ္စရပ်များကို တစိုက်မတ်မတ် ဆက်တိုက်ဆောင်ရွက်လာနီသည်။
သြဂတ်စ် (၇)ရက်နိလေ့ စစ်တွေမြို့၊ နာဇီရွာစက်ရုံစုရပ်ကွက်မှ ကိုသိန်းဆန်းဆိုသူအား ယင်းရပ်ကွက် ကန်ဘောင်အနား၌ ALP တပ်ဖွဲ့ဝင် ၆ ယောက်ခန့်က သီနတ်ဖြင့် ၄ ချက်ပစ်ခတ်ဖမ်းဆီးရာ ကိုသိန်းဆန်း၏ ညာဖက်ခြီထောက် ခြီသလုံးကို တချက်ထိမှန်ခကေလေ့ သူ ထွက်ဗြီးလွတ်မြောက်လားခပါသည်။
ကိုသိန်းဆန်းကို ဖမ်းမရလိုက်သောအခါ ALP တပ်ဖွဲ့ဝင်များသည် ကိုသိန်းဆန်း၏ မယားဖြစ်သူ မလုံးလုံးဌေး(ခ) စိုးစိုးဌေး (၂၂ နှစ်) အား အကြမ်းပတမ်း ဖမ်းဆီးဆွဲခေါ်လားခပြီး၊ အားပါးတရဖိနှိပ်စစ်ဆီးပြီးမှ ပြန်လွှတ်ပီးလိုက်ကြောင်း ရက္ခိုင်မီဒီယာများကဖော် ပြသည်။ မစိုးစိုးဌေးမှာ ကိုယ်ဝန်ဟိနီပြီး အဖမ်းခံနီရစဉ် ဝမ်းကို မြန်မာ စစ်သားတယောက်က ခြီထောက်နန့်ကျောက်ပစ်ခလို့ ဝမ်းထဲ သန္ဓေသားစွာ ပုံမှန်အနီအထားကနီ ပုံမှန်မဟုတ်တေအနီအထားသို့ရောက်ဟိလားခရသည်။
တရက်တည်းမှာ ALP တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၊ နာဇီရွာစက်ရုံစု ရပ်ကွက်မှ ဦးအေးကို (၃၄နှစ်)ကိုလေ့ ရိုက်နှက်ဖမ်းဆီးခေါ် ယူလားခသည်ဟု ဒေသခံများက ရက္ခိုင်မီဒီယာများသို့ ပြောဆိုသည်။
ကုန်ခသည့် ဩဂတ်စ် (၃)ရက်နိကလေ့ ALP တပ်ဖွဲ့ဝင်များနန့် စစ်ကောင်စီတပ် ခမရ(၃၅၄) ပူးပေါင်းတပ်ဖွဲ့သည် နာဇီရွာစက်ရုံစု ရပ်ကွက်မှ ဒေသခံ (၃)ယောက်ကို ဖမ်းယူလားခသိမ့်သည်။
အလားတူဩဂတ်စ် ၃ရက်နိမှာပင်စစ်ကောင်စီတပ်ဖွဲဝင်များ၊ရဲတပ်ဖွဲဝင်များနန့်တတူစစ်ကောင်စီတပ်ယူနီဖောင်း ဝတ်ဆင်ထား သည့် ALPတပ်ဖွဲ့ဝင်များပူးပေါင်းအင်အား၃၀ခန့်က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ ဦးတင်ထွန်း၏ နီအိမ်သို့ အတင်းအဓမ္မ ဝင်ရောက်ကာ တအိမ်လုံးကိုမွှီနှောက် ရှာဖွီခပြီး အချေအဝတ်အစားများထည့်သည့် ပလပ်စတစ်ဗူး ၁ ဗူးအား ယူဆောင်လားခသည်ဟု ဦးတင်ထွန်းနန့် နီးစပ်သူများက APM သို့ ပြောကြားထားသည်။
ယင်းအပြင် ဩဂတ်စ် ၂ ရက်နိ ညည့် ၈ နာရီခွဲခန့်ကလေ့ ALP တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ် ယူနီဖောင်း ဝတ်ဆင်ကာ ခမရ(၃၅၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များနန့်အတူ ပူးပေါင်းလျက် စစ်တွေမြို့၊ နာဇီရွာမီးလောင်ကွင်းမှ ရာအိမ်မှူးဖြစ်သူ ဦးဦးဘစော(၅၀နှစ်)အား ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်လားခသည်ဟု မျက်မြင်သက်သီများ၏ ပြောပြချက်အရ သိဟိရသည်။
(Zawgyi)
စစ္ေတြတြင္ ျမန္မာစစ္တပ္ နန႔္ ALP တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းလႈပ္ယွားေသာလုပ္ရပ္မ်ား ခပ္စိပ္စိပ္တြိဟိလာရ
APM ၊ ၾသဂတ္စ္ ၁၃/ ၂၀၂၂
ရကၡိဳင္ျပည္ ၿမိဳ႕ေတာ္စစ္ေတြ၌ ျမန္မာစစ္တပ္နန႔္ ALP တပ္ဖြဲ႕ဝင္မ်ားပူးေပါင္းသည့္ အင္အား ၁၀၀ ခန႔္က ရကၡိဳင္တမ်ိဳးသားလုံး ဝမ္းနည္းပူေဆြးနီရသည့္အခ်ိန္ ၾသဂတ္စ္ (၁၃) ရကၡိဳင္ဆန္ျပႆနာနိ မြန္းလြဲ ၂ နာရီခန႔္တြင္ စစ္ေတြၿမိဳ႕ စက္႐ုံစု (႐ြာသာယာ) ရပ္ကြက္ အာက်ိတ္ေတာ္ကုန္း၌ စုေဝးၿပီး စစ္ကား (၅)စီးျဖင့္ စစ္ေတြၿမိဳ႕ ေ႐ႊမင္းဂံဆိပ္ကမ္းဟိ ဇက္သေဘၤာတစီးထက္သို႔ တက္၍ ဆိပ္ကမ္းမွ ထြက္ခြာလားခေၾကာင္း ခိုင္မာေသာ သတင္းရင္းျမစ္မ်ားက ေျပာသည္။
ယင္းဇက္သေဘၤာထက္တြင္ ျမန္မာစစ္တပ္မွ အင္အား ၈၀ ခန႔္ ပါၿပီး၊ ALP တပ္ဖြဲဝင္အင္အား ၂၀ ဦးခန႔္ လိုက္ပါ လားသည္ကို တြိျမင္လိုက္ရေၾကာင္းခိုင္မာေသာ သတင္းရင္းျမစ္မ်ားက ဆိုသည္။
ေဒဂု ၾသဂတ္စ္လအတြင္း ALP သည္ ျမန္မာစစ္တပ္နန႔္ပူးေပါင္း၍ အျပစ္မဲ့ျပည္သူလူထုကိုဖမ္းဆီးျခင္း၊ စစ္ရီးလႈပ္ယွားမႈျပဳ လုပ္ျခင္းစသည့္ ရကၡိဳင္ျပည္သူမ်ား မလိုလားသည့္ ကိစၥရပ္မ်ားကို တစိုက္မတ္မတ္ ဆက္တိုက္ေဆာင္႐ြက္လာနီသည္။
ၾသဂတ္စ္ (၇)ရက္နိေလ့ စစ္ေတြၿမိဳ႕၊ နာဇီ႐ြာစက္႐ုံစုရပ္ကြက္မွ ကိုသိန္းဆန္းဆိုသူအား ယင္းရပ္ကြက္ ကန္ေဘာင္အနား၌ ALP တပ္ဖြဲ႕ဝင္ ၆ ေယာက္ခန႔္က သီနတ္ျဖင့္ ၄ ခ်က္ပစ္ခတ္ဖမ္းဆီးရာ ကိုသိန္းဆန္း၏ ညာဖက္ၿခီေထာက္ ၿခီသလုံးကို တခ်က္ထိမွန္ခေကေလ့ သူ ထြက္ၿဗီးလြတ္ေျမာက္လားခပါသည္။
ကိုသိန္းဆန္းကို ဖမ္းမရလိုက္ေသာအခါ ALP တပ္ဖြဲ႕ဝင္မ်ားသည္ ကိုသိန္းဆန္း၏ မယားျဖစ္သူ မလုံးလုံးေဌး(ခ) စိုးစိုးေဌး (၂၂ ႏွစ္) အား အၾကမ္းပတမ္း ဖမ္းဆီးဆြဲေခၚလားခၿပီး၊ အားပါးတရဖိႏွိပ္စစ္ဆီးၿပီးမွ ျပန္လႊတ္ပီးလိုက္ေၾကာင္း ရကၡိဳင္မီဒီယာမ်ားကေဖာ္ ျပသည္။ မစိုးစိုးေဌးမွာ ကိုယ္ဝန္ဟိနီၿပီး အဖမ္းခံနီရစဥ္ ဝမ္းကို ျမန္မာ စစ္သားတေယာက္က ၿခီေထာက္နန႔္ေက်ာက္ပစ္ခလို႔ ဝမ္းထဲ သေႏၶသားစြာ ပုံမွန္အနီအထားကနီ ပုံမွန္မဟုတ္ေတအနီအထားသို႔ေရာက္ဟိလားခရသည္။
တရက္တည္းမွာ ALP တပ္ဖြဲ႕ဝင္မ်ားသည္ စစ္ေတြၿမိဳ႕၊ နာဇီ႐ြာစက္႐ုံစု ရပ္ကြက္မွ ဦးေအးကို (၃၄ႏွစ္)ကိုေလ့ ႐ိုက္ႏွက္ဖမ္းဆီးေခၚ ယူလားခသည္ဟု ေဒသခံမ်ားက ရကၡိဳင္မီဒီယာမ်ားသို႔ ေျပာဆိုသည္။
ကုန္ခသည့္ ဩဂတ္စ္ (၃)ရက္နိကေလ့ ALP တပ္ဖြဲ႕ဝင္မ်ားနန႔္ စစ္ေကာင္စီတပ္ ခမရ(၃၅၄) ပူးေပါင္းတပ္ဖြဲ႕သည္ နာဇီ႐ြာစက္႐ုံစု ရပ္ကြက္မွ ေဒသခံ (၃)ေယာက္ကို ဖမ္းယူလားခသိမ့္သည္။
အလားတူဩဂတ္စ္ ၃ရက္နိမွာပင္စစ္ေကာင္စီတပ္ဖြဲဝင္မ်ား၊ရဲတပ္ဖြဲဝင္မ်ားနန႔္တတူစစ္ေကာင္စီတပ္ယူနီေဖာင္း ဝတ္ဆင္ထား သည့္ ALPတပ္ဖြဲ႕ဝင္မ်ားပူးေပါင္းအင္အား၃၀ခန႔္က စစ္ေတြၿမိဳ႕၊ စက္႐ုံစုရပ္ကြက္မွ ဦးတင္ထြန္း၏ နီအိမ္သို႔ အတင္းအဓမၼ ဝင္ေရာက္ကာ တအိမ္လုံးကိုမႊီေႏွာက္ ရွာဖြီခၿပီး အေခ်အဝတ္အစားမ်ားထည့္သည့္ ပလပ္စတစ္ဗူး ၁ ဗူးအား ယူေဆာင္လားခသည္ဟု ဦးတင္ထြန္းနန႔္ နီးစပ္သူမ်ားက APM သို႔ ေျပာၾကားထားသည္။
ယင္းအျပင္ ဩဂတ္စ္ ၂ ရက္နိ ညည့္ ၈ နာရီခြဲခန႔္ကေလ့ ALP တပ္ဖြဲ႕ဝင္မ်ားသည္ စစ္ေကာင္စီတပ္ ယူနီေဖာင္း ဝတ္ဆင္ကာ ခမရ(၃၅၄) တပ္ရင္းမွ တပ္ဖြဲ႕ဝင္မ်ားနန႔္အတူ ပူးေပါင္းလ်က္ စစ္ေတြၿမိဳ႕၊ နာဇီ႐ြာမီးေလာင္ကြင္းမွ ရာအိမ္မႉးျဖစ္သူ ဦးဦးဘေစာ(၅၀ႏွစ္)အား ဖမ္းဆီး႐ိုက္ႏွက္ေခၚေဆာင္လားခသည္ဟု မ်က္ျမင္သက္သီမ်ား၏ ေျပာျပခ်က္အရ သိဟိရသည္။