
APM ၊ ဂျူလိုင် ၁၃ / ၂၀၂၃
လက်စတာစီးတီးနန့် ကဇတ်သား ပြောင်းရွှိကြေး အငြင်း ပွားခသည့် ဆော်ဒီကလပ်၊ အယ်လ်နာဆာ အသင်းအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကဇတ်သားခေါ်ယူခွင့် ပိတ်လိုက်ကြောင်း သိရသည်။
ရော်နယ်ဒို၏ အယ်လ်နာဆာအသင်းသည် ပြီးခသည့် ၂၀၁၈ ခုနှစ်က လက်စတာစီးတီးအသင်းမှ နိုင်ဂျီးရီးယား ကဇတ်သမား အာမက်မူဆာကို ပေါင်၁၄ သန်းဖြင့် ခေါ်ယူရာတွင် အပိုပရိုဂရမ် ပေါင် ၃၉၀,၀၀၀ ပေးချေရန် ပျက်ကွက်ခသည့်အတွက် ကဇတ်သမားများခေါ်ယူခြင်းကို FIFA က တားမြစ်လိုက်ခြင်းဖြစ်သည်။
အဆိုပါကိစ္စနန့်ပတ်သက်၍ လက်စတာစီးတီးအသင်းက အယ်လ်နာဆာအနီနန့် ပြောင်းရွှိကြေးအတွက် မပီးဘဲကျန်နီရေ ငွေကြေးတိကို ၂၀၂၁ ခုနှစ်မှာ အပြီးသတ်ပီးရဖို့၊ ယင်းစည်းကမ်းချက်ကို ပျက်ကွက်ကေ ကဇတ်သမားခေါ်ယူခွင့် ၃ နှစ်ဆက်တိုက် အပိတ်ခံရဖို့ ဟု အယင်ကပင် သတိပီးခဖူးသည်။
လက်ဟိတွင် အယ်လ်နာဆာအသင်းက FIFA၏ တားမြစ်ချက်ကို ရုတ်သိမ်းရန်တောင်းဆိုထားပြီး စာချုပ်ပါစည်းကမ်းချက် များအရ သဘောတူထားသည့်အတိုင်း ကျန်ဟိနီသည့် အကြွီးများကို လက်စတာစီးတီး အသင်းသို့ ပြန်ပီးရန် အဆင်သင့်ဖြစ်နီကြောင်း သိရသည်။
Source – Cristiano Ronaldos Al Nassr banned by FIFA from registering any new players
Photo – Al Nassr Football Club
