
APM ၊ ဂျူလိုင် ၁၃ / ၂၀၂၃
မုန်တိုင်းအလွန် လက်ဟိ နှစ်လနီးပါးကြာလာသည့်အထိ ကူညီကယ်ဆယ်ရီးရဟိမှုနည်းပါးနီ၍ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲစစ်ဖီးယှောင်စခန်းတွင် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နီဆဲဖြစ်ကြောင်း သိရသည်။
အိမ်ထောင်စု ၁၀၀ ကျော်ဟိသည့် အဆိုပါ အထက်မြတ်လှဲစစ်ဖီးယှောင်စခန်းတွင် မုန်တိုင်းတိုက်ပြီးနောက် ကူညီကယ် ဆယ်ရီးများရဟိခကေလေ့ လက်ဟိ ကူညီကယ်ဆယ်ရီးများမရဟိသည်မှာကြာမြင့်လာ၍ စားသောက်ရီး အခက်ကြုံနီရ ကြောင်း စစ်ဖီးယှောင်များက ပြောသည်။
အထက်မြတ်လှဲစစ်ဖီးယှောင်စခန်းတွင် မုန်တိုင်းကြောင့်ပျက်စီးလားသည့်နီအိမ်များကိုလက်ဟိ ဖြစ်တေပိုင် ပြုပြင်ကာ နီထိုင်နီကတ်ရပြီးအလုပ်အကိုင်ယှားပါး၍ စားနပ်ရိက္ခာများပြတ်လပ်ကာ စားသောက်ရီး အခက်အခဲကို ဆိုးဝါးစွာ ကြုံတွိနီကတ်ရခြင်းဖြစ်သည်။
ယင်းအပြင် ကျောင်းသူ/ကျောင်းသား ၁၂၀ ကျော်ဟိသည့် အဆိုပါ စစ်ဖီးယှောင်စခန်းတွင် ကျောင်းသား/ ကျောင်းသူ များစာဖတ်ရန်အတွက် ဆိုလာမီးများလိုအပ်နီပိုင် ဆီးဝါးများ၊ခြင်ထောင်များလေ့ လိုအပ်နီသည်ဟုဆိုသည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် အထက်မြတ်လှဲ စစ်ဖီးယှောင်စခန်းအပါအဝင် ရက္ခိုင်ပြည်မြို့နယ်များဟိ မုန်တိုင်း သင့် စစ်ဖီးယှောင်များမှာ လက်ဟိ ကူညီကယ်ဆယ်ရီး အထောက်ပံ့ရဟိမှုနည်းပါး၍ စားသောက်ရီးအခက်အခဲအပြင် ပြန်လည် ထူထောင်ရီးအတွက် ကမ်းမမြင်လမ်းမမြင် ဖြစ်နီကတ်ရကြောင်း သိရသည်။

