APM ၊ ဂျူလိုင် ၁၃/၂၀၂၃
ကျောက်တော်မြို့နယ်က မုန်တိုင်းသင့်ကျေးရွာတချို့တွင် လက်အချိန်ထိ စာသင်ကျောင်းများ ပြုပျင်နိုင်ခြင်းမဟိသိမ့်၍ ကျောင်းသား/ကျောင်းသူများ စာမသင်ရဘဲ အခက်ကြုံနီကတ်ရကြောင်း သိရသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်တော်မြို့နယ်၊ ဘုရားပေါင်း၊သင်္ဘောကွေ့၊သရက်အုပ်၊င/တပေါင်း၊ပုလဲကိုင်း၊ဆန်းသစ်ပြင်၊မင်းသားဆိပ်၊ရှောက်ချောင်း၊ဂါဂု၊သုံးခွ၊ပြိုင်းချောင်း စသည့် ကျေးရွာများ အပါအဝင် ကျေးရွာအများအပြား၌ စာသင်ကျောင်းများပြိုပျက်ခရသည်။
အဆိုပါ ကျေးရွာများ၌ လုံးဝ ပြိုပျက်လားသည့် စာသင်ကျောင်းအများစုသည် လက်ဟိအချိန်ထိ ပြန်မပျင်နိုင်သိမ့်၍ ကျောင်းသား/ကျောင်းသူများကျောင်းစာသင်ယူခွင့်မရ ဖြစ်နီကတ်ရကြောင်း ကျောင်းသားမိဖများက ပြောသည်။
တချို့ ခေါင်မိုးလန်လားသည့်ကျောင်းများတွင် တာပေါ်လင်စများဖြင့် ယာယီဆောက်လုပ်ကာ စာသင်နီကတ်ရပြီး တချို့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံစသည့် သာသနိက အဆောက်အအုံများတွင် Grade အလိုက် အချိန်ခွဲ၍ စာသင်နီ ကတ်ရသည် များလေ့ ဟိသည်။
လမ်းပန်းဆက်သွယ်ရီး အခက်အခဲကြောင့်လေ့ အဆိုပါ ကျေးရွာများသို့ အကူအညီလာ ရောက်လှူဒါန်းခြင်း မဟိသလောက်ဖြစ်နီပြီး ကိုယ်ထူကိုယ်ထ ပြုပျင်ရန်လေ့ အခက်ကြုံနီရကြောင်း ရွာသားများက ဆိုသည်။
လက်ဟိတွင် ပျက်စီးနီသည့် အဆိုပါစာသင်ကျောင်းအား ပြန်ပြုပျင်ရန် အရေးတကြီးလိုအပ်နီပြီး၊ ကူညီကယ်ဆယ်ရီး အဖွဲ့များအပါအဝင်သက်ဆိုင်ရာတာဝန်ဟိသူများက အယင်ဆုံးကူညီဆောင်ရွက်ပီးစီလိုကြောင်း ဆရာ/ဆရာမများနန့် ရွာသူ/ရွာသားများက မိတ္တာရပ်ခံတောင်းဆိုနီကတ်သည်။