APM ၊ ဂျူလိုင် ၁၃ / ၂၀၂၃
စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာမှုမဟိဟုဆိုကာ နိုင်ငံခြားငွေဝယ်ယူ ရောင်းချလဲလှယ်သည့်ကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က ပိတ်သိမ်းလိုက်ကြောင်း ဂျူလိုင် ၁၂ ရက်နိတွင် ကြေညာသည်။
အဆိုပါကုမ္ပဏီများသည် ဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နန့်ညွှန်ကြား ချက်များကို လိုက်နာမှုမဟိသဖြင့် နိုင်ငံခြား ငွေများ ဝယ်ယူရောင်းချလဲလှယ်ပီးခွင့်လိုင်စင် (Money Changer License) ကို အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ် ချက်အရ ရုပ်သိမ်းလိုက်သည်ဟုကြေညာချက်၌ ဖော်ပြသည်။
ယင်းကုမ္ပဏီ ၁၀ ခုမှာ Kannan Trading Co.,Ltd ၊ Net Change Co.,Ltd ၊ Thiri Aung Si Trading Co., Ltd ၊ Riverwood Group Co., Ltd ၊ Global Myanmar Services Co., Ltd ၊ D-Gold Trading Co., Ltd ၊ Aurum Image Co., Ltd ၊ Hi Welcome Travel & Tours Co., Ltd ၊ Sweeties Pearls Co., Ltd နန့် Chase Travels & Tours Co., Ltd ရို့ဖြစ် ကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။
Photo – မြန်မာပြည်ဗဟိုဘဏ်