APM ၊ ဂျူလိုင် ၁၃ / ၂၀၂၃
ကချင်ပြည် ၊ KIA ဌာနချုပ်တည်ဟိရာ လိုင်ဇာမြို့အနားဟိ နန်ဆန်ယန်သို့ စစ်ကူတက်လာသည့် မြန်မာစစ်တပ်စစ်ကြောင်း ကို ဒေနိ(ဂျူလိုင် ၁၃ရက်)နိ မိုးထပိုင်းက ဒေါ့ဖုန်းယန်အလွန်တွင် KIA က ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲပြင်း ထန်နီ ကြောင်း သတင်းရဟိသည်။
ဒေနိမိုးထက ဗန်းမော်ဖက်မှနန်ဆန်ယန်သို့ စစ်ကူလာသည့် မြန်မာစစ်တပ်စစ်ကြောင်းသည် ဒေါ့ဖုန်းယန်အလွန် ခါ့လားရွာ အနားတွင် KIA နန့် တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခသည်ဟု KIA ပြန်ကြားရီးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ကုန်ခသည့် ဂျူလိုင် ၁၂ ရက်နိက အင်အား၂၀၀ ကျော် ပါသည့် မြန်မာစစ်တပ်စစ်ကြောင်းသည် မြစ်ကြီးနားမှ နန်ဆန်ယန် ကျေးရွာသို့ စစ်ကူလာရာ ဂျာပူကျေးရွာနား၌ KIA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သဖြင့် တိုက်ပွဲများ ဖြစ်ပွားခကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည် ပြုပြောကြားသည်။
အလားတူ နန်ဆန်ယန်ကျေးရွာနားက မဒီးယန်ပတ်ဝန်းကျင်တွင် ဂျူလိုင် ၁၂ရက်၊ မိုးထပိုင်းက တိုက်ပွဲများပြင်းထန်ခပြီး ညဇာ ပိုင်းအထိ နှစ်ဖက်လက်နက်ကြီး၊ လက်နက်ငယ်များနန့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခသည်ဟု ဒေသခံများက ဆိုသည်။
တချိန်တည်းတွင် ဂျူလိုင် ၁၂ရက်နိက ကာမိုင်း နန့် လဝါလမ်းခွဲတွင် မြန်မာစစ်တပ် နန့် KIA ပူးပေါင်းတပ်ဖွဲရို့အကြား တိုက်ပွဲများဖြစ်ပွားခရာ မြန်မာစစ်သား ၅ ယောက်ထက်မနည်း သီဆုံးပြီး ၇ ယောက် ဒဏ်ရာရဟိလားကြောင်း သိရသည်။
မြန်မာစစ်တပ်သည် လိုင်ဇာမြို့အနားဟိ နန်ယန်ဆန်ပတ်ဝန်းကျင်ကို ဂျူလိုင် ၃ ရက်နိမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်လာသည့် အတွက် ဒေသခံများ မြစ်ကြီးနားဖက်သို့ တိမ်းယှောင်ထွက်ဗြီးလားကာ မြန်မာစစ်တပ် စစ်ကြောင်းနန့်ပါးသည့် ဒေသခံတချို့ မှာတော့ ဖီးလွတ်ရာသို့ တိမ်းယှောင်နိုင်ခြင်းမဟိဘဲ ပိတ်မိနီကြောင်းသိရသည်။
နန်ဆန်ယန်ဖက်တွင် တိုက်ပွဲများ ဖြစ်ပွားနီချိန်တွင် ဗန်းမော်မြို့တွင် စစ်အုပ်ချုပ်ရီးကြေညာထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်နီရာ မြန်မာစစ်တပ်ဖက်ကတော့ စစ်အုပ်ချုပ်ရီးကြေညာခြင်းမဟုတ်ဘဲ ကိုဗစ်ကာလက ထုတ်ပြန်ထားသည့် ညည့်မထွက်ရ အမိန့်ရာ ဖြစ်ကြောင်း ပြောကြားထားသည်။
Photo- Kachin waves