APM၊ ဂျူလိုင် ၁၃/ ၂၀၂၂
ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရီးရာ ပေါင်းစပ်ညှိနှိုင်းရီးကောင်စီ(IKACC)မှ တဖက်သတ်စွပ်စွဲထားသည့် ပလက်ဝဒေသခံ ၁၅ ယောက်ကို AA ဖမ်းဆီးထားသည်ဟု ဆိုခြင်းမှာ လုံးဝမဟုတ်ဘဲ၊ စစ်ကောင်စီတပ်အတွက် သတင်းပီးလုပ်နီသူ၊ သူလျှိုလုပ်နီသူ ပလက်ဝ ဒေသခံ ၆ ယောက်ကိုရာ မလွှဲမယှောင်သာ ထိန်းသိမ်းထားခပြီး သက်ဆိုင်ရာမိသားစုများအနီနန့် လာရာက်တွိဆုံခွင့်ဟိပါ ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ဂျူလိုင် ၁၃ရက်နိမှာ APMသို့ အတည်ပြု ပြောကြားသည်။
ဂျူလိုင် ၇ရက်နိမှာ ကြားကာလခူမီး(ချင်း) မျိုးနွယ်စုများရီးရာ ပေါင်းစပ်ညှိနှိင်းရီးကောင်စီ(IKACC)မှ ULA/AA အနီနန့် ကုန်ခသည့် ဂျုန်လအတွင်း ပလက်ဝမြိုနယ်မှ ချင်းလူမျိုး ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု တဖက်သတ်စွပ်စွဲ ထုတ်ပြန်ခသည့်အပေါ် ULA/AAဖက်က တုံ့ပြန်ခြင်းဖြစ်သည်။
ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက “IKACC က ထုတ်ပြန်ထားရေ ထုတ်ပြန်ချက်ထဲမှာ ပါရေပိုင် ချင်းလူမျိုး ၁၅ ယောက်ကို ULA/AA က ထိန်းသိမ်းရေဆိုစွာကတော့ခါ လုံးဝမဟုတ်ပါ။ သူရို့ ဇာအချက်အလက်တိအပေါ်မှာ အခြီ ခံဗျာယ် ၁၅ ယောက်လို့ ပြောလဲဆိုစွာတော့ ကျနော်ရို့လေ့ မသိပါ။ ဆိုကေ ကျနော်ရို့ ULA/AA က ထိန်းသိမ်းထားစွာကတော့ခါ ပလက်ဝမြို့နယ်ထဲမှာ စုစုပေါင်း ၆ ယောက်ရာ ဟိပါရေ” ဟု APM သို့ ပြောပါသည်။
ယင်း ၆ ယောက်ကို ထိန်းသိမ်းရာမှာလေ့ တယောက်ချင်းစီ၏ ပြစ်မှုကျူးလွန်မှု အပေါ်မှာ မူတည်၍ ထိန်းသိမ်းထားခြင်းရာ ဖြစ် ပါကြောင်း၊ ခူးမီးဖြစ်၍၊ ချင်းဖြစ်၍ ထိန်းသိမ်းခြင်းမျိုးမဟုတ်ဘဲ သူရို့တယောက်ချင်းစီ၏ စစ်ကောင်စီတပ်ကို သတင်းပီးလုပ်မှု၊ သူလျှိုလုပ်မှု ရို့အပေါ်မှာ ULA/AA က လုံခြုံရီးအရ မလွှဲမယှောင်သာထိန်းသိမ်းထားခြင်းရာဖြစ်ပါကြောင်းလေ့ ဦးခိုင်သုခက ဆိုသည်။
ယင်းကိစ္စနန့်ပတ်သက်၍ “ကျနော်ရို့ထိန်းသိမ်းထားရေ လူ ၆ ယောက်ကိုလေ့ သူရို့မိသားစုတိအနီနန့် လာရောက်တွိဆုံဖို့ဆိုလိုဟိ ကေ သက်ဆိုင်ရာ တပ်မဟာဌာနချုပ်က တာဝန်ဟိရေလူတိကို ဆက်သွယ်ပြီးကေ အချိန်မရွီးလာရောက်တွိဆုံလို့ရပါရေ။ တခု လေ့ ကန့်သတ်ပိတ်ပင်ထားစွာမဟိဆိုစွာကို ကျနော့်အနီနန့် ပြောလိုပါရေ” ဟု ဦးခိုင်သုခက ပြောဆိုလားခသည်။
(Zawgyi)
စစ္ေကာင္စီတပ္အတြက္ သတင္းပီးလုပ္သူ၊သူလွ်ိဳလုပ္သူ ပလက္ဝေဒသခံ ၆ ေယာက္ကိုရာ မလႊဲမေယွာင္သာ ထိန္းသိမ္းထားၿပီး သက္ဆိုင္ရာမိသားစု မ်ားအနီနန႔္ လာရာက္တြိဆုံခြင့္ဟိေၾကာင္း ULA/AA ေျပာ
APM၊ ဂ်ဴလိုင္ ၁၃/ ၂၀၂၂
ၾကားကာလ ခူမီး(ခ်င္း)မ်ိဳးႏြယ္စုမ်ားရီးရာ ေပါင္းစပ္ညႇိႏႈိင္းရီးေကာင္စီ(IKACC)မွ တဖက္သတ္စြပ္စြဲထားသည့္ ပလက္ဝေဒသခံ ၁၅ ေယာက္ကို AA ဖမ္းဆီးထားသည္ဟု ဆိုျခင္းမွာ လုံးဝမဟုတ္ဘဲ၊ စစ္ေကာင္စီတပ္အတြက္ သတင္းပီးလုပ္နီသူ၊ သူလွ်ိဳလုပ္နီသူ ပလက္ဝ ေဒသခံ ၆ ေယာက္ကိုရာ မလႊဲမေယွာင္သာ ထိန္းသိမ္းထားခၿပီး သက္ဆိုင္ရာမိသားစုမ်ားအနီနန႔္ လာရာက္တြိဆုံခြင့္ဟိပါ ေၾကာင္း ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္ ULA/AA ေျပာခြင့္ရ ဦးခိုင္သုခက ဂ်ဴလိုင္ ၁၃ရက္နိမွာ APMသို႔ အတည္ျပဳ ေျပာၾကားသည္။
ဂ်ဴလိုင္ ၇ရက္နိမွာ ၾကားကာလခူမီး(ခ်င္း) မ်ိဳးႏြယ္စုမ်ားရီးရာ ေပါင္းစပ္ညႇိႏွိင္းရီးေကာင္စီ(IKACC)မွ ULA/AA အနီနန႔္ ကုန္ခသည့္ ဂ်ဳန္လအတြင္း ပလက္ဝၿမိဳနယ္မွ ခ်င္းလူမ်ိဳး ၁၅ ေယာက္ထက္မနည္းကို ဖမ္းဆီးထိန္းသိမ္းထားသည္ဟု တဖက္သတ္စြပ္စြဲ ထုတ္ျပန္ခသည့္အေပၚ ULA/AAဖက္က တုံ႔ျပန္ျခင္းျဖစ္သည္။
ULA/AA ျပန္ၾကားရီးတာဝန္ခံ ဦးခိုင္သုခက “IKACC က ထုတ္ျပန္ထားေရ ထုတ္ျပန္ခ်က္ထဲမွာ ပါေရပိုင္ ခ်င္းလူမ်ိဳး ၁၅ ေယာက္ကို ULA/AA က ထိန္းသိမ္းေရဆိုစြာကေတာ့ခါ လုံးဝမဟုတ္ပါ။ သူ႐ို႕ ဇာအခ်က္အလက္တိအေပၚမွာ အၿခီ ခံဗ်ာယ္ ၁၅ ေယာက္လို႔ ေျပာလဲဆိုစြာေတာ့ က်ေနာ္႐ို႕ေလ့ မသိပါ။ ဆိုေက က်ေနာ္႐ို႕ ULA/AA က ထိန္းသိမ္းထားစြာကေတာ့ခါ ပလက္ဝၿမိဳ႕နယ္ထဲမွာ စုစုေပါင္း ၆ ေယာက္ရာ ဟိပါေရ” ဟု APM သို႔ ေျပာပါသည္။
ယင္း ၆ ေယာက္ကို ထိန္းသိမ္းရာမွာေလ့ တေယာက္ခ်င္းစီ၏ ျပစ္မႈက်ဴးလြန္မႈ အေပၚမွာ မူတည္၍ ထိန္းသိမ္းထားျခင္းရာ ျဖစ္ ပါေၾကာင္း၊ ခူးမီးျဖစ္၍၊ ခ်င္းျဖစ္၍ ထိန္းသိမ္းျခင္းမ်ိဳးမဟုတ္ဘဲ သူ႐ို႕တေယာက္ခ်င္းစီ၏ စစ္ေကာင္စီတပ္ကို သတင္းပီးလုပ္မႈ၊ သူလွ်ိဳလုပ္မႈ ႐ို႕အေပၚမွာ ULA/AA က လုံၿခဳံရီးအရ မလႊဲမေယွာင္သာထိန္းသိမ္းထားျခင္းရာျဖစ္ပါေၾကာင္းေလ့ ဦးခိုင္သုခက ဆိုသည္။
ယင္းကိစၥနန႔္ပတ္သက္၍ “က်ေနာ္႐ို႕ထိန္းသိမ္းထားေရ လူ ၆ ေယာက္ကိုေလ့ သူ႐ို႕မိသားစုတိအနီနန႔္ လာေရာက္တြိဆုံဖို႔ဆိုလိုဟိ ေက သက္ဆိုင္ရာ တပ္မဟာဌာနခ်ဳပ္က တာဝန္ဟိေရလူတိကို ဆက္သြယ္ၿပီးေက အခ်ိန္မ႐ြီးလာေရာက္တြိဆုံလို႔ရပါေရ။ တခု ေလ့ ကန႔္သတ္ပိတ္ပင္ထားစြာမဟိဆိုစြာကို က်ေနာ့္အနီနန႔္ ေျပာလိုပါေရ” ဟု ဦးခိုင္သုခက ေျပာဆိုလားခသည္။
