
APM ၊ ဂျုန် ၁၃/ ၂၀၂၄
ဒေဂုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်၊ ရပ်ရွာတိက ဒေသခံပြည်သူတိကို စစ်ကောင်စီက အတင်းအားဓမ္မဖိအားပီးပနာ ကင်းစောင့်ခိုင်းနီရေလို့ သိရပါရေ။
စစ်တွေမြို့နယ်၊သာယာကုန်း(ရက္ခိုင်)ရွာ ဘုန်းကြီးကျောင်းမာ စခန်းချနီထိုင်ရေ ဗိုလ်ကြီးအဆင့်နန့်ဗိုလ်အဆင့်ဟိရေ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ယောက်စွာ ဂျုန် ၁၀ ရက်နိက သင်္ဂနက်အုပ်စုက ရပ်ရွာတိမာ မဖြစ်မနီ ကင်းစောင့်ဖို့ ဖိအားပီး ပြောဆိုခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းအပြင် ဂျုန် ၉ ရက်နိကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တိစွာ စစ်တွေမြို့နယ်၊သင်္ဂနက် အုပ်စုအတွင်းက သာယာကုန်း(ရက္ခိုင်)ရွာ၊သာယာကုန်း(ကမန်)ရွာ၊ သင်္ဂနက်(ကမန်)ရွာ၊ကိုးဆောင်(၁)မူဆလင်ရွာ၊ကိုးဆောင်(၂)မူဆလင်ရွာ၊မော်လဘီခြံ(မူဆလင်)ရှာနနျ့လက်မခြေ(မူဆလင်)ရွာရို့ကို ကင်းစောင့်လို့ ဟိ /မဟိကို ဝင်ရောက်စီးနင်းစစ်ဆီးမှုတိ ပြုလုပ်ခရေလို့လည်း သိရပါရေ။
အာရက္ခဒေသအတွင်းမာ အာရက္ခတပ်တော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ၎င်းရို့၏ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်တိ၊ မြို့ရွာတိကို တခုပြီးတခု လက်လွတ်ထွက်ဗြီးနီရရေ စစ်ကောင်စီစွာ စစ်တွေမြို့ကိုလည်း အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်လာဖို့ကိုကြောက်ကြီးသန်ဖက်ကျပနာ ဒေသခံပြည်သူရို့အကြောက်တရားလွမ်းမိုးလားအောင် နည်းမျိုးစုံနန့် ဒုက္ခပီးလို့ ဟိနီပါရေ။
