APM ၊ ဂျုန် ၁၃ / ၂၀၂၃
Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ရက္ခိုင်ပြည်သူများ စားဝတ်နီရီးအခက်အခဲဖြစ်ကာ ပြည်ပထွက်ခွာသူ များလာကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ရက္ခိုင်ဟိ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် နီအိမ်အများအပြားပျက်စီးခရသည့်အပြင် ဒေသခံ များစားသုံးရန်သိမ်းဆည်းထားသည့် ဝမ်းစာဆန်စပါးများပျက်စီးလား၍မုန်တိုင်းဒဏ်သင့်ပြည်သူအများစုမှာ လတ်တလော စားဝတ်နီရီး အခက်ကြုံနီကတ်ရသည်။
ယင်းအပြင်ဒေသခံများအဓိကလုပ်ကိုင်သည့်လယ်ယာမြီများမှာလေ့ မုန်တိုင်းနန့်အတူ ပင်လယ်ရီဝင်ရောက်လားပြီးနောက် ပြည်သူများမှာ လယ်ယာလုပ်ကိုင်ရန်လေ့ အဆင်မပြေ၍ အလုပ်အကိုင်ယှားပါးသည့်ပြဿနာကိုပါရင်ဆိုင်နီကတ်ရသည်။
ယင်းသို့ စားဝတ်နီရီးအခက်အခဲနန့်အလုပ်အကိုင်ယှားပါးမှုများကြောင့် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းမှစကာ ရက္ခိုင်ပြည် မြို့ နယ်များမှ ပြည်ပထွက်ခွာသူ တရက်ထက်တရက်ပိုမိုများပြားလာကာ စစ်တွေ-ရန်ကုန် ဗြီးဆွဲနီသည့် ခရီးသည်တင်ကား များ၌ နိတိုင်းလူအပြည့်ဖြစ်နီကြောင်း ကားသမားများက ပြောသည်။
ရက္ခိုင်-ရန်ကုန်ဗြီးဆွဲနီသည့်လီကြောင်းခရီးစဉ်များတွင်လေ့ နိတိုင်း ခရီးသည်အပြည့် လိုက်ပါနီကတ်သည့်အပြင် လက်မှတ် များကိုလေ့ တပတ်လောက်ကပင် ကြိုတင်ရောင်းချနီကတ်ရကြောင်း လီယာယာဉ်လက်မှတ်အရောင်းဌာနများက သိရ သည်။
လက်ဟိ ကားလက်မှတ်နန့် လီယာဉ်လက်မှတ်များမှာလေ့ ဈီးနှုန်းမြင့်တက်နီပြီး စစ်တွေ- ရန်ကုန်ကားလက်မှတ်တစောင်ကို ငွေကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ကျော်အထိနန့် လီယာဉ်လက်မှတ်တစောင်ကို ငွေကျပ် ၁၈၀၀၀၀ မှ ၂၃၀၀၀၀ အထိ ဟိနီသည်ဟု ဆိုသည်။
ရက္ခိုင်တွင်မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန် တိုင်းကြောင့် အိုးအိမ်အမြောက်အမြားပျက်စီးခရပြီး ဒေသခံ ပြည်သူ ၁ သန်းကျော် မုန်တိုင်းဒဏ်သင့်ခရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ကပြော ကြား ထားပြီး ယင်းမုန်တိုင်းဒဏ်သင့်ပြည်သူများသည် လတ်တလော၌ စားဝတ်နီရီးအခက်အခဲများနန့် ရင် ဆိုင်နီကတ်ရ ကြောင်း သိရသည်။
Photo – ABN