APM၊ ဂျုန် ၁၃/၂၀၂၂
နက်ဖြန် ဂျုန် ၁၄ ရက်နိမှာ ပြုလုပ်မည့် ရက္ခိုင်အမျိုးသားအဖွဲချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ဦးဆောင်သည့် “ရက္ခိုင်ပြည်သူ့အစိုးရ”၏ တတိယအကြိမ် သတင်းစာယှင်းလင်းပွဲကို သက်ဆိုင်ရာ လူမှုကွန်ရက် စာမျက်နှာ များမှတဆင့် တိုက်ရိုက်(LIVE) လွှင့်မည်ဟု သိရသည်။
ယင်း“သတင်းစာယှင်းလင်းပွဲကို သက်ဆိုင်ရာမီဒီယာပလက်ဖောင်းနန့် Facebook စာမျက်နှာများ မှတဆင့် တိုက်ရိုက် (LIVE) လွှင့်လားမည်ဖြစ်ပြီး သတင်းထောက်တယောက်ကို “မိန်းခွန်း” (၂) ခုနန့် “နောက်ဆက်တွဲ မိန်းခွန်း” (၁)ခုစီ ဖြေကြားလားမည်” ဟု ULA/AA ပြန်ကြားရီးတာဝန်ခံ ဆရာဦးခိုင်သုခက ဆိုသည်။
သတင်းစာယှင်းလင်းပွဲကို Live လွှင့်မည့် လူမှုကွန်ရက်စာမျက်နှာ(၃)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
(1) Facebook Page Name: ULA Press-Briefing Link: https://www.facebook.com/ulapress2022
(2) Facebook Page Name: AK-Media Live Link: https://www.facebook.com/akmedia2
(3) YouTube Channel Name: Arakan Army Link: https://www.youtube.com/AAInfoDesk
ဒေဂု တတိယအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲတွင်လေ့ အယင်သတင်းစာယှင်းလင်းပွဲများနည်းတူ စာရင်း သွင်းထားသည့် သတင်းသမားများကိုရာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး၊ စာရင်းသွင်းထားခြင်း မဟိပါက တက်ရောက်ခွင့် မပြုဟု ဆရာဦးခိုင်သုခက ပြောသည်။
တတိယအကြိမ် သတင်းစာယှင်းလင်းပွဲတွင်လေ့ “ရက္ခိုင်ဘာသာစကားနန့်ရာ” ပြောဆိုယှင်းလင်းလားမည်ဖြစ်ကြောင်း သိဟိရပါသည်။


