APM ၊ မေ ၁၃ / ၂၀၂၄
မေ ၁၂ရက်နိ၊နိခင်း ၂ နာရီလောက်မာ အကြမ်းဖက်စစ်ကောင်စီစွာ မောင်တောမြို့နယ်၊ ရွှီဇားကပ္ပကောင်းရွာ အုပ်စုက ၎င်းရို့ခန့်အပ် အုပ်စုတာဝန်ခံနန့်ရာအိမ်မှူးကို ခေါ်ယူပနာ စစ်သင်တန်းတက်ဖို့အတွက် မူဆလင်လူငယ်တိ စုဆောင်းပီးဖို့ အတင်းအကျပ်ဖိအားပီး ပြောဆိုခရေလို့ သိရပါရေ။
မေ ၁၂ ရက်နိ၊နိခင်း၂ နာရီလောက်မာ ကညင်ချောင်းစီးပွားရီးဇုန်စခန်းအတွင်း အခြီပြုနီထိုင်နီရေ အကြမ်းဖက်စစ်ကောင်စီရဲစခန်းမှ ရဲမှူးအဆင့်ဟိသူစွာ မောင်တောမြို့နယ်၊ ရွှီဇားကပ္ပကောင်းရွာအုပ်စုက ၎င်းရို့ခန့်အပ် အုပ်စုတာဝန်ခံ ဆာဒါတ်နန့် ဂုံးနားရွာက ရာအိမ်မှူး ရာဂျူးရို့ကို စခန်းသို့ ခေါ်ယူပြီးကေ ယင်းပိုင် ပြောဆိုခစွာလို့ ဆိုပါရေ။
အုပ်စုတာဝန်ခံနန့်ရာအိမ်မှူးရို့က “၎င်းရို့အနီနန့်စစ်ကောင်စီဘားမာ စစ်သင်တန်းတက်ဖို့သင်တန်းသားစုဆောင်းပီးကေ အာရက္ခတပ်တော်ဘားမာ အသတ်ခံရဖို့ကို ကြောက်လန့်ကြောင်း၊ လက်ဟိမောင်တောမြို့ဟိ ခရိုင်/မြို့နယ်တိမာလည်း အုပ်ချုပ်ရီးမှူးမဟိလို့ အုပ်ချုပ်ရီးယန္တားပျက်စီးနီပြီးကေ ရပ်ရွာတိမာ ရာအိမ်မှူးနန့် ဆယ်အိမ်မှူးရို့စကားကို လိုက်နာခြင်းမဟိကြောင်း၊ ဩဇာအာဏာမဟိလို့ သင်တန်းသားစုဆောင်းပီးဖို့ မဖြစ်နိုင်ကြောင်း” ပြောဆိုခရေလို့လည်း သိရပါရေ။