APM၊ မေ ၁၃ / ၂၀၂၄
သံတွဲမြို့နယ်မာ ဒေနိ(မေ ၁၃ ရက်နိ)၊ နိခင်းက အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသမီး ၂ ယောက်ထိခိုက်ဒဏ်ရာရလားကြောင်း သိရပါရေ။
ဒဏ်ရာရလားရေလူတိကတော့ သံတွဲမြို့နယ်၊ အောက်နတ်မော်ရွာက ဒေါ်ကျော့တင်(၇၆ နှစ်) နန့် ဒေါ်မကြီး(၄၅ နှစ်) ရို့ဖြစ်ပါရေ။
ဒေနိ မေ ၁၃ ရက်နိ ၊နိခင်း ၁ နာရီ ၄၀ မိနစ်အချိန်မာ သံတွဲမြို့နယ် ဘားတောင်းတောင် စစ်ဆီးရီးဂိတ်ဟိ အကြမ်းဖက်စစ်ကောင်စီတပ်စွာ အပါးဟပ်စပ်က ရပ်ရွာတိကို လက်နက်ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိပစ်ခတ်ခရေလို့ ဒေသခံတိက ပြေပါရေ။
ယင်းအထဲက လက်နက်ကြီးကျည် တလုံးစွာ အောက်နတ်မော်ရွာကို ကျရောက်ပေါက်ကွဲခလို့ အနားမာဟိနီရေ ဒေါ်ကျော့တင်၏ခြီထောက်နန့် ဒေါ်မကြီး၏ လက်ရို့မာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ ရလားရေလို့ ဆိုပါရေ။
လက်ဟိမာသူရို့နှစ်ယောက်စွာ ဆီးကုသခံယူလို့ဟိကြောင်း သိဟိရပါရေ။