APM ၊ မေ ၁၃ / ၂၀၂၃
MOCHA မုန်တိုင်းသည် ရက္ခိုင်ပြည်ကို အလွန့်အလွန်အားကောင်းသည့်အဆင့်နန့် ဝင်ရောက်ပြီး တနာရီကို ၁၂၅ မိုင်နှုန်းနန့် တိုက်မည်ဟု မိုးလီဝသနန့် ဇလဗေဒဦးစီးဌာန(မိုး/ဇလ) က ဒေနိ (မေ ၁၃ ရက်နိ) ညဇာ ၅ နာရီတွင်ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ “MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အရှိမြောက်ဖက်သို့ ဆက်လက် ရွိလားနိုင်ပြီး၊ ဘင်္ဂလား ဒေ့ချ်နိုင်ငံ၊ ကော့ဘဇားမြို့နန့် ကျောက်ဖြူမြို့ရို့ကြား စစ်တွေမြို့အနားက မေ ၁၄ ရက်နိ နိခင်းတွင် အလွန့်အလွန် အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအနီနန့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်။ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ချိန်အတွင်း အမြင့်ဆုံးလီတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၁၁၀ မှ ၁၂၀ အထိ တိုက်ခတ်နိုင်ပါသည်” ဟုဆိုသည်။
ယင်း MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မိုး/ဇလ၏ ဒေနိ ညဇာ ၃ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဖက် ရီမိုင် ၂၆၀ မိုင်ခန့်၊ဟိုင်းကြီးကျွန်းမြို့၏အနောက်-အနောက်တောင်ဖက် ရီမိုင် ၃၀၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဖက် ရီမိုင် ၃၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ မြောက်-အနောက်မြောက်ဖက် ရီမိုင် ၃၁၅ မိုင် ခန့်နန့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ကော့ဘဇားမြို့၏တောင်-အနောက်တောင်ဖက် ရီမိုင် ၃၈၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနီပြီး မုန်တိုင်း ၏ ဗဟိုချက်လီဖိအားမှာ ၉၅၀ ဟက်တိုပါစကယ်နန့် အမြင့်ဆုံးလီတိုက်နှုန်းမှာ တနာရီလျှင် ၁၁၅ မိုင်မှ ၁၂၅ မိုင်နှုန်းခန့်ဖြစ်ကြောင်း သိရသည်။
မုန်တိုင်းဖြတ်ကျော်စဉ်အတွင်း စစ်တွေခရိုင်၊ မောင်တောခရိုင် မြစ်ဝ၊ မြစ်လက် တက်များအတွင်း ဖြားရီအမြင့် ၁၆ ပေမှ ပေ ၂၀ ခန့်အထိနန့် ကျောက်ဖြူခရိုင် ဟိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၂ ပေမှ ၁၆ ပေခန့်အထိ မြင့်တက်လာ နိုင်ပြီး မြီပြိုခြင်းများ၊ ရီကြီးရီလျှံမှုများ ဖြစ်ပေါ်လာနိုင်၍ ကုန်မြင့်ဒေသအနား တွင် နီထိုင်သူများ၊ ကမ်းရိုးတန်းတလျှောက် နီထိုင်သူများအနီနန့် ကြိုတင်သတိ ပြုကတ်ပါရန် မိုး/ဇလက တိုက်တွန်းထားသည်။
Photo – မိုး/ဇလ